Environment, Disasters & Accidents
မြန်မာနိုင်ငံပြည်ပတွင် အင်အားပြင်း ငလျင်တခုလှုပ်ခတ်

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)
၂၀၁၇ ခုနစ်၊ ဇန်နဝါရီလ(၂၂)ရက်နေ့ မြန်မာစံတော်ချိန် (၁၁)နာရီ (၀၀)မိနစ် (၀၇)စက္ကန့်အချိန်တွင် ကမ္ဘာအေး မြေငလျင်စခန်းမှ အရှေ့၊ အရှေ့တောင်ဘက် မိုင် (၄၀၅၀) ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ ဆော်လမွန်ကျွန်းများ(Solomon Islands) ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၇.၄)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
အဆိုပါငလျင်သည် မြန်မာနိုင်ငံ ပြင်ပတွင်လှုပ်ခတ်ခဲ့သည့် အတွက် ပြည်တွင်းတွင် သက်ရောက်ခြင်း မရှိကြောင်း မိုးဇလမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကိုပြောသည်။ (Xinhua)