Environment, Disasters & Accidents
မြောင်းမြ ကြိုးတံတား ပြတ်ကျ ပြီးနောက် အရေးပေါ် ကယ်ဆယ်ရေး နှင့် ကုန်စည် စီးဆင်းမှု မပြတ်တောက် စေရေး ဇက်ဆိပ်အား ပြန်လည် အသုံးပြုရန် ညွှန်ကြားထား
ရန်ကုန် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)
မြောင်းမြ မြို့အဝင် ကြိုးတံတားသည် ယနေ့ နံနက် အစောပိုင်း အချိန်တွင် ပြတ်ကျမှု ဖြစ်ပွားခဲ့ပြီးနောက် အရေးပေါ် ကယ်ဆယ်ရေးနှင့် ကုန်စည် စီးဆင်းမှု မပြတ်တောက် စေရေး အတွက် ဇက်ဆိပ်အား ပြန်လည် အသုံးပြုရန် ညွှန်ကြား ထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
မြောင်းမြ ကြိုးတံတား ပြတ်ကျရာသို့ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင် အပါအဝင် တာဝန်ရှိသူများ ရောက်ရှိ စစ်ဆေးပြီး ညွှန်ကြားထားကြောင်း သိရသည်။မြောင်းမြကြိုးတံတားနှင့်အတူ ပြတ်ကျရာတွင် တံတားပေါ်ဖြတ်မောင်းရင်း ပါသွားသော (၆)ဘီး ကုန်တင်ယာဉ်နှင့် ယာဉ်မောင်း l ယာဉ်နောက်လိုက်တို့ နှစ်ဦး ကို မြောင်းမြ တံတားအဖွဲ့ ရေငုတ်သမားများ l မြောင်းမြ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်လျက် ရှိပြီး နေ့လည် ၁၁ နာရီ အချိန်ထိ ရှာဖွေ မတွေ့ရှိ သေးကြောင်း သိရသည်။ (Xinhua)