Connect with us

Environment, Disasters & Accidents

မြောင်းမြမြို့အဝင် ကြိုးတံတား ပျက်ကျကာ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေ

ရွေးမြစ်အတွင်း ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား တွေ့ ရစဉ်(ဓာတ်ပုံ-Myanmar Fire Services Department)

ရန်ကုန် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

မြောင်းမြမြို့အဝင် ကြိုးတံတားသည် ယနေ့ နံနက် ၁ နာရီကျော် အချိန်တွင် ကုန်တင်ယာဉ် တစ်စီး ဖြတ်သန်း မောင်းနှင်စဉ် ပျက်ကျမှု ဖြစ်ပွားကာ ယာဉ်မောင်း အပါအဝင် ၂ ဦး ပျောက်ဆုံး နေသဖြင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီး ဌာနထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အနီး၊ လပွ္ပတ္တာ-မြောင်းမြ-အိမ်မဲ-ကျောင်းကုန်း- ကျုံပျော် ကားလမ်းမပေါ်ရှိ ရွေးမြစ်အား ဖြတ်ကူး တည်ဆောက် ထားသည့် မြောင်းမြမြို့ အဝင် ကြိုးတံတား သည် ဧပြီ ၁ ရက် ၊ နံနက် ၁ နာရီ ၄၅ မိနစ် အချိန်တွင် ရန်ကုန်မှ မြောင်းမြသို့ မောင်းနှင်လာသော အဖြူရောင် (၆) ဘီး ကုန်တင်ယာဉ် ဖြတ်သန်းမောင်းနှင်စဉ် တံတားပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပျက်ကျသွားခဲ့သည့် မြောင်းမြမြို့အဝင် ကြိုးတံတားအား တွေ့ရစဉ်(ဓာတ်ပုံ-Myanmar Fire Services Department)

အဆိုပါကုန်တင်ယာဉ်သည် ရွေးမြစ်အတွင်းသို့ ပြုတ်ကျသွားပြီး ယာဉ်မောင်းပါ (၂) ဦး ပျောက်ဆုံးလျက် ရှိကြောင်း သတင်းရရှိသဖြင့် မြောင်းမြခရိုင်မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်အမြန်ရေယာဉ် (၁)စီး ၊ စက်လှေ (၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.