Environment, Disasters & Accidents
မွန်ပြည်နယ် ကျိုက်မရော မြို့နယ်၌ စက်လှေ တိမ်းမှောက်၍ ၂ ဦး သေဆုံး

ရန်ကုန် ၊ သြဂုတ် ၂ ရက်(ဆင်ဟွာ)
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် မက်ကသန် ကျေးရွာ အနီးတွင် သြဂုတ် ၁ ရက် မွန်းလွဲပိုင်း အချိန် တွင် စက်လှေ တိမ်းမှောက်မှု ဖြစ်ပွားကာ ၂ ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။
ကျိုက်မရောမြို့နယ် ကော့ပလော့ကျေးရွာအုပ်စု ကော့ဒွန်း ကျေးရွာမှ လင်မယားနှစ်ဦးသည် ၎င်းတို့၏ ဦးလေးနေထိုင်ရာ ကျေးရွာသို့ စက်တပ်ရေယာဉ်ဖြင့် အသွား မက်ကသန် ကျေးရွာအနီးတွင် မိုးသည်းထန်စွာရွာသွန်းပြီး လှိုင်းလေထန်သဖြင့် စက်လှေတိမ်းမှောက်ကာ လင်မယားနှစ်ဦးလုံး ရေနစ် သေဆုံးခဲ့ပြီး သေဆုံးသူများအား ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။(Xinhua)