Environment, Disasters & Accidents
မွန်ပြည်နယ် နှင့် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ ကမ်းရိုးတန်း ရေတိမ်ဒေသ များကို ရမ်ဆာဒေသ အဖြစ် သတ်မှတ်နိုင်ရန် စီစဉ်လျက်ရှိ
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
မုတ္တမ ပင်လယ်ကွေ့နှင့် ထိစပ်လျက် ရှိသော မွန်ပြည်နယ် နှင့် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ ကမ်းရိုးတန်း ရေတိမ်ဒေသ များကို ရမ်ဆာဒေသ အဖြစ် သတ်မှတ်နိုင်ရန် စီစဉ်လျက် ရှိကြောင်း နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မြန်မာနိုင်ငံရှိ ရေတိမ်ဒေသ များကို ရမ်ဆာဒေသ အဖြစ် သတ်မှတ်ရန် နိုင်ငံတော် အစိုးရက ၂ဝဝ၅ ခုနှစ် ကတည်းက ဆောင်ရွက်လျက် ရှိပြီး လက်ရှိတွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ် နှင့် ကျိုက်ထိုမြို့နယ် အတွင်းရှိ ရေတိမ်ဒေသ များကို ရမ်ဆာရေတိမ် ဒေသအဖြစ် သတ်မှတ်ရန် နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကာ ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ ရေတိမ်ဒေသ များကိုလည်း ရမ်ဆာဒေသ အဖြစ်သတ်မှတ်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ရေတိမ်ဒေသ များကို ရမ်ဆာဒေသ အဖြစ် သတ်မှတ်နိုင်ရေး စီမံချက်များ အတွက် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Swiss Agency for Development and Cooperation အဖွဲ့က စီမံချက် ပထမသုံးနှစ် ကာလဖြစ်သည့် ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ဆွစ်ဇာလန် ဖရန့် လေးသန်း ထောက်ပံ့ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ မိုးယွန်းကြီးအင်း ဘေးမဲ့တောနှင့် အင်းတော်ကြီး ဒေသတို့ကို ရမ်ဆာဒေသ အဖြစ်သတ်မှတ်၍ နိုင်ငံတော် အစိုးရက ထိန်းသိမ်း စောင့်ရှောက်မှုများ ဆောင်ရွက်လျက် ရှိကြောင်း မြဝတီသတင်းတွင်ပါရှိသည်။ (Xinhua)