Environment, Disasters & Accidents
ရခိုင်ပြည်နယ်၊ မင်းပြားမြို့၏ အရှေ့ဘက် (၂၇) မိုင်ခန့် အကွာ တွင် အင်အား ၄.၀ အဆင့်ရှိ ငလျင်လှုပ်ရှား
ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်၊ မင်းပြားမြို့၏ အရှေ့ဘက် (၂၇) မိုင်ခန့် အကွာ မြောက်လတ္တီတွဒ် (၂၀.၄၀)၊ အရှေ့လောင်ဂျီတွဒ် (၉၃.၆၉)၊ ဗဟိုချက် အနက် (၁၀)ကီလိုမီတာခန့် ကို ဗဟိုပြု၍ အင်အား ရစ်တာစကေး (၄.ဝ) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
အဆိုပါငလျင်သည် နိုဝင်ဘာလ (၂၁)ရက်နေ့ မြန်မာစံတော်ချိန် (၀၀)နာရီ (၁၉)မိနစ် (၁၉)စက္ကန့် အချိန်တွင် လှုပ်ရှားသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)