Environment, Disasters & Accidents
ရေးမြို့နယ်၌ ရထားတိုက်မိမှုကြောင့် ရွာသား ၁ ဦး သေဆုံးမှုဖြစ်ပွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
ရေးမြို့နယ်၌ ရထားတိုက်မိမှုကြောင့် ရွာသား ၁ ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ၀၄း၀၀ နာရီ အချိန် ရေးမြို့နယ် ရေး-မော်လမြိုင် မီးရထား လမ်း မိုင်တိုင်(၂၆၁/၂၂-၂၃)ကြား၌ နေမျိုးလင်းထိုက်(၃၁)နှစ်သည် ရထားသံလမ်းအား ဖြတ်ကူးပြီး လမ်းလျှောက်လာစဉ် မောင်းနှင်လာသည့် အမှတ်(၁၇၂)အဆန်ရထားဖြင့်တိုက်မိခဲ့သဖြင့် နေမျိုးလင်းထိုက် တွင် ဦးခေါင်းပြတ်၊ ခြေ ၂ ချောင်းကျိုး၊ ဝဲလက်ပြတ်ထွက်ဒဏ်ရာများ ရရှိသေဆုံးခဲ့သဖြင့် ရေးမြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၆/၂၀၁၈)အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xihua)