Connect with us

Environment, Disasters & Accidents

သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်း မွေတော်ကက္ကူဘုရားများ အနက် ဘုရားစေတီ ၅၆၄ ဆူ ပြုပြင် ဆောင်ရွက်ပြီး

ရှေးဟောင်း မွေတော်ကက္ကူဘုရားများ အနက် ပြန်လည် ပြုပြင်နေသော ဘုရားများအား တွေ့ ရစဉ်(ဓာတ်ပုံ- ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ်( တောင်ပိုင်း )ရှိ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်း မွေတော် ကက္ကူ ဘုရားများ အနက် ဘုရားစေတီ ၅၆၄ ဆူအား ပြုပြင် ဆောင်ရွက်ပြီးကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ထံမှ သိရသည်။

မွေတော် ကက္ကူ ဘုရားများ အနက် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ အနက် ယခု ပြုပြင် ဆောင်ရွက် ပြီးစီးမှုမှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ယခု ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် အထိ ဖြစ်ကြောင်း သိရသည်။

ရှေးဟောင်း မွေတော် ကက္ကူ ဘုရားများသည် တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ၊ ကက္ကူရွာ၌ တည်ရှိပြီး ၂၀၁၆ ခုနှစ် ဧပြီလ ၂၂ ရက်တွင် လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့ရာ ကက္ကူရွာ အပါအဝင် မွေတော် ကက္ကူ ဘုရားဝင်း အတွင်းရှိ အသောကဆုတောင်းပြည့်စေတီတော်ကြီး၊ ဖောင်တော်ဆိုက် စေတီ တော်ကြီးနှင့် အရံ စေတီ ဘုရားများ အပြင် ညောင်ပင်ကြီးများ လဲပြိုခဲ့သဖြင့် ဘုရားပရိဝုဏ်ပါ ပျက်စီးခဲ့ရကြောင်း သိရသည်။

ရှေးဟောင်း အဆောက်အအုံများပျက်စီးမှု အခြေအနေကို အရေးပေါ်စစ်ဆေးမှုမှတ်တမ်းဖြင့် ကနဦး စစ်ဆေးခြင်း နှင့် တစ်ဆူချင်း ထိခိုက်ပျက်စီးမှုအခြေအနေကို မှတ်တမ်းတင်ခြင်း တို့ကို ဆောင်ရွက်ခဲ့ရာတွင် မွေတော် ကက္ကူ ဘုရားရှိ အရံစေတီများကို Block( A ) မှ Block( I )ထိ Block ( ၉ )ခု ခွဲခြားပြီး စာရင်းကောက်ခံခဲ့ရာ စုစုပေါင်း( ၂၄၈၇ ဆူ ရှိသည့်အနက် ထီးတော် ယိမ်းယိုင်သည့် စေတီများအပါအဝင် စေတီတော်ပေါင်း ၁၀၃၈ ဆူ ပျက်စီး ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.