Environment, Disasters & Accidents
သယံဇာတ ထုတ်လုပ်အသုံးပြုခြင်း၊ သိပ္ပံ သုတေသန လုပ်ငန်းများ မြှင့်တင်ခြင်းတို့တွင် ပူးပေါင်း ဆောင်ရွက်သွားမည်
နေပြည်တော်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံအတွင်း သစ်ထုတ်လုပ်မှုအပေါ် မှီခိုမှုအား လျှော့ချနိုင်ရေးအတွက် ဝါးနှင့် ကြိမ် သယံဇာတများ ထုတ်လုပ် အသုံးပြုခြင်း ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ခြင်း၊ သိပ္ပံဆိုင်ရာ သုတေသန လုပ်ငန်းများအား အားပေး မြှင့်တင်ခြင်း စသည့် နယ်ပယ်များတွင် သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းဌာန ပြည်ထောင်စုဝန်ကြီးက ယနေ့ နံနက် ပြောကြားခဲ့သည်။
“ရေရှည်တည်တံ့တဲ့ သစ်တောစီမံ အုပ်ချုပ်မှုနဲ့ တရားဝင် သစ်ကုန်သွယ်မှု မြှင့်တင်ခြင်း၊ နယ်စပ်ဒေသများတွင် တောမီးအန္တရာယ် ကြိုတင် ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း၊ သစ်အခြေခံ စက်မှု လုပ်ငန်းများကို သစ်လိုအပ်ချက် ရေရှည် ဖြည့်ဆည်းပေးနိုင်ရန် သစ်တော စိုက်ခင်း ထူထောင်ခြင်း၊ မြန်မာနိုင်ငံအတွင်း သစ်ထုတ်လုပ်မှုအပေါ် မှီခိုမှုအား လျှော့ချနိုင်ရေးအတွက် ဝါးနှင့် ကြိမ် သယံဇာတများ ထုတ်လုပ် အသုံးပြုခြင်း ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ခြင်း၊ သိပ္ပံဆိုင်ရာ သုတေသန လုပ်ငန်းများအား အားပေး မြှင့်တင်ခြင်း စသည့် နယ်ပယ်များမှာ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက တရုတ် – မြန်မာ ချစ်ကြည်ရေး သစ်တောစိုက်ခင်း ဧက ၁၀၀ စိုက်ပျိုး ပြီးစီးခြင်း အခမ်းအနားတွင် ပြောခဲ့သည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ သံရုံးက သစ်တောများ ပြန်လည် ထူထောင်ရေး ကနဦးလှူဒါန်းသည့် အမေရိကန် ဒေါ်လာ သုံးသိန်းဖြင့် သစ်တောများ ပျက်စီးနေသည့် တောနိမ့် တောပျက် နေရာများတွင် သစ်တော စိုက်ခင်း တည်ထောင်ရန် အဆိုပြု ကမ်းလှမ်းချက်အရ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး၊ Southeast Asia Biodiversity Research Institute, Chinese Academy of Science တို့အကြား တရုတ် – မြန်မာ ချစ်ကြည်ရေး သစ်တော စိုက်ခင်း ဧက ၁၀၀ တည်ထောင်ရန် သဘောတူစာချုပ်ကို ၂၀၁၆ ဧပြီ ၁၀ ရက်နေ့တွင် ဘေဂျင်းမြို့၌ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ တရုတ် – မြန်မာ ချစ်ကြည်ရေး သစ်တောကဏ္ဍ ပြုစုထိန်းသိမ်းရေး လုပ်ငန်းများအား ပိုမို ပူးပေါင်းဆောင်ရွက် သွားရေး၊ အသုံးချ သုတေသန လုပ်ငန်းကို လုပ်ဆောင် မြှင့်တင်သွားနိုင်ရေး၊ တစ်နည်းအားဖြင့် ရာသီဥတု ပြောင်းလဲမှု လျှော့ချရေး လုပင်န်းစဉ်များတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု ချစ်ကြည် ရင်းနှီးမှု တိုးမြှင့်လိုသည့် ရည်ရွယ်ချက်များဖြင့် ယခု သစ်တောစိုက်ခင်း စီမံကိန်းကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ကျေးဇူးတင်စကား ပြောကြားစဉ် (ဆင်ဟွာ)
တရုတ်-မြန်မာချစ်ကြည်ရေးသစ်တောစိုက်ခင်းစီမံကိန်းဖွင့်ပွဲအခမ်းအနားအားတွေ့ရစဉ် (ဆင်ဟွာ)
တရုတ်-မြန်မာချစ်ကြည်ရေးသစ်တောစိုက်ခင်းစီမံကိန်းဖွင့်ပွဲအခမ်းအနားအားတွေ့ရစဉ် (ဆင်ဟွာ)
တရုတ်-မြန်မာချစ်ကြည်ရေးသစ်တောစိုက်ခင်းစီမံကိန်းဖွင့်ပွဲအခမ်းအနားအားတွေ့ရစဉ် (ဆင်ဟွာ)
တရုတ်-မြန်မာချစ်ကြည်ရေးသစ်တောစိုက်ခင်းစီမံကိန်းဖွင့်ပွဲအခမ်းအနားအားတွေ့ရစဉ် (ဆင်ဟွာ)
တရုတ်-မြန်မာချစ်ကြည်ရေးသစ်တောစိုက်ခင်းစီမံကိန်းဖွင့်ပွဲအခမ်းအနားအားတွေ့ရစဉ် (ဆင်ဟွာ)
တရုတ်-မြန်မာချစ်ကြည်ရေးသစ်တောစိုက်ခင်းစီမံကိန်းဖွင့်ပွဲအခမ်းအနားအားတွေ့ရစဉ် (ဆင်ဟွာ)
တရုတ်-မြန်မာချစ်ကြည်ရေးသစ်တောစိုက်ခင်းစီမံကိန်းဖွင့်ပွဲအခမ်းအနားအားတွေ့ရစဉ် (ဆင်ဟွာ)
အဆိုပါ အခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ငမင်ကြိုးဝိုင်းတွင် ယနေ့ နံနက်ပိုင်း ပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် တရုတ် ပြည်သူ့ သမ္မတနိုင်ငံမှ ဧည့်သည်များ၊ တရုတ်အမျိုးသား လုပ်ငန်းရှင်များ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စား လှယ်များ၊ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များ အစိုးရအဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ အရာရှိကြီးမျာ၊ တက်ရောက်ခဲ့ကြပြီး တရုတ်နိုင်ငံ သံအမတ်ကြီးနှင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က အမှာစကားများ၊ ကျေးဇူးတင်စကားများ အသီးသီး ပြောကြားခဲ့ကြသည်။
တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က “မြန်မာနိုင်ငံရဲ့ ဇီဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ကူညီဖို့အတွက် ဒီစီမံကိန်းကို အကောင်အထည်ဖော်ခဲ့ပါတယ်၊ ဒီစီမံကိန်းအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မြန်မာကျပ်ငွေ သိန်း လေးထောင်ကျော် စိုက်ထုတ်ခဲ့ပြီး သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သစ်ပင် စိုက်ပျိုးခြင်းနဲ့ ထိန်းသိမ်း ပျိုးထောင်ခြင်း လုပ်ငန်းကို ဦးဆောင် တာဝန်ယူခဲ့ရာ ဧက တစ်ရာ ကျယ်တဲ့ မြေရိုင်းမှာ သစ်ပင် ၁၂၁၀၀၀ ကျော် စိုက်ပျိုးနိုင်ပြီး ဒီဒေသရဲ့ ဇီ၀ ပတ်ဝန်းကျင်ကို များစွာ ကောင်းမွန် တိုးတက်လာစေခဲ့ပါ်တယ်၊ လက်၇ှိ တရုတ် – မြန်မာ ဆက်ဆံရေးဟာ ကောင်းမွန်လျက်ရှိပြီး ကဏ္ဍအသီးသီးမှာ လက်တွေ့ ပူးပေါင်း ဆောင်ရွက်မှုများက တည်တည် ငြိမ်ငြိမ် တိုးတက်နေပါတယ်၊ ရေမြေ တောတောင် စိမ်းလန်း စိုပြည်ခြင်းဟာ ရွှေတောင် ငွေတောင်လိုပါပဲ လို့တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် သမ္မတကြီး Mr. Xi Jinping က ပြောခဲ့ဖူးပါတယ်၊ တရုတ်နိုင်ငံ အစိုးရဟာ အစိမ်းရောင် ဖွံ့ဖြိုး တိုးတက်ရေး သီအိုရီကို လက်ကိုင်ထားပြီး တစ်ကမ္ဘာလုံး ဇီ၀ လုံခြုံရေးအတွက် ကြီးမားတဲ့ အကျိုးဆောင်မှုများ ဖော်ဆောင် လျက် ရှိပါတယ်၊ မြန်မာနိုင်ငံရဲ့ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းမှာ ထောက်ခံ အားပေး ကူညီနိုင်ဖို့ ဆန္ဒ ရှိပါတယ်၊ တရုတ် – မြန်မာ ချစ်ကြည်ရေး သစ်တော ဖော်ဆောင်ရတဲ့ ရည်ရွယ် ချက်က ဇီ၀ ပတ်ဝန်းကျင် ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းနိုင်ရေးနဲ့ တရုတ် – မြန်မာ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးကို ချစ်ကြည်ရေး သစ်တောကဲ့သို့အဓွန့်ရှည် တည်တံ့နိုင်ဖို့ ဖြစ်ပါတယ်” ဟု ပြောခဲ့သည်။
ထို့အတူ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်သိန်းခိုင်က ချစ်ကြည်ရေး သစ်တော စိုက်ခင်း စီမံကိန်း ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်း တင်ပြခဲ့သည်။
အခမ်းအနား၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပညာသင်ယူနေသည့် သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပညာတော်သင်များအတွက် ကူညီထောက်ပံ့ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၇၈၇၁ ကို တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပေးအပ်ခဲ့ရာ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက လက်ခံရယူခဲ့ပြီး သံအမတ်ကြီးအား ဝန်ကြီးက ဂုဏ်ပြု မှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင် ပြန်လည် ပေးအပ်ခဲ့သည်။ (Xinhua)