Environment, Disasters & Accidents
သံလွင်မြစ် နှင့် စစ်တောင်းမြစ်တို့ ၏ စိုးရိမ်ရေမှတ် အခြေအနေမိုးဇလထုတ်ပြန်
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)
သံလွင်မြစ်ရေသည် ကရင်ပြည်နယ် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်ကျော်လွန်လျက်ရှိပြီး၊ စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့တွင် စိုးရိမ်ရေမှတ် ကျော်လွန်လျက်ရှိသည့်အတွက် မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
သံလွင်မြစ်ရေသည်ကရင်ပြည်နယ် ဘားအံမြို့တွင် (၄) ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၂) ရက်အတွင်း (၁) ပေခွဲခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၂) ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၅)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလမှ သတင်းထုတ်ပြန်သည်။ (Xinhua)