Connect with us

Environment, Disasters & Accidents

လှိုင်မြစ်ရေဝင်ရောက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ရှိအခြေခံပညာမူလတန်းကျောင်း (၂ )ကျောင်း ခေတ္တပိတ်ထား

တိုက်ကြီးမြို့နယ် ရှိအခြေခံပညာမူလတန်းကျောင်းအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

လှိုင်မြစ်ရေတက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ဂေါ့ကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာနှင့်အခြေခံပညာ မူလတန်းကျောင်းဝန်းအတွင်းသို့ လှိုင်မြစ်ရေသည် မြေပြင်အထက် ၂ ပေခန့် ဝင်ရောက်ခြင်း၊ ဂေါ့ကျေးရွာအုပ်စု သနပ်ကုန်းကျေးရွာအတွင်းနှင့် အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်းသို့ မြေပြင်အထက်(၁)ပေခန့် ဝင်ရောက်ခဲ့သဖြင့် ကျောင်းအုပ်ဆရာမကြီးများသည် ကျေးရွာကော်မတီ ဝင်များနှင့် ညှိနှိုင်းကာ သြဂုတ်လ ၂၃ ရက်နေ့နံနက် ၉ နာရီအချိန်မှစ၍ စာသင်ကျောင်းများအား ခေတ္တပိတ်ထားလျက်ရှိကြောင်းပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါကျေးရွာများသည် မြေနိမ့်ပိုင်းများဖြစ်၍ နှစ်စဉ်လှိုင်မြစ်ရေဝင်ရောက်သည့် နေရာများဖြစ်ကာ ယင်းကျေးရွာများတွင် နေထိုင်လျက်ရှိသော ကျေးရွာနေပြည်သူများ ပြောင်းရွှေ့မှုမရှိကြောင်း သိရသည်။

လှိုင်မြစ်ရေစိုးရိမ်ရေအမှတ်မှာ(၂၅)ပေဖြစ်ပြီး သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် လှိုင်မြစ် ရေအမှတ်(၂၁)ပေအထိ မြင့်တက်လျက်ရှိကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.