Environment, Disasters & Accidents
အမရပူရမြို့ရှိ ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး တာရိုးကျိုးပေါက်မှုကြောင့် ရေဘေးသင့်သူ ၆,၀၀၀ကျာ်အား နေရာ(၁၄) နေရာ၌ ယာယီပြောင်းရွှေ့ပေးထားဟုဆို
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ကမ်းနားလမ်း မြို့ပတ်လမ်းရှိ ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး တာရိုးကျိုးပေါက်မှုကြောင့် ရေဘေးသင့်သူ ၆,၀၀၀ကျော်အား နေရာ(၁၄)နေရာ၌ ယာယီပြောင်းရွှေ့ပေးထားကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိ မွန်းလွဲပိုင်းအချိန်တွင် အမရပူရမြို့နယ်ရှိ မြစ်ရေ ဝင်ရောက်သည့် ယဉ်တော်ကျေးရွာအုပ်စုမှ အိမ်ခြေပေါင်း(၂၄၀)၊ မှန်တန်းရပ်ကွက်မှအိမ်ခြေပေါင်း(၅၉၀)၊ ကျန်တန်းရပ်ကွက်မှအိမ်ခေ ြပေါင်း(၆၀၂)၊ ဈေးချိုရပ်ကွက်မှ အိမ်ခြေပေါင်း(၁၈၇)အိမ်တို့မှ အိမ်ထောင်စုပေါင်း (၁၆၁၉)စု၊ လူဦးရေပေါင်း( ၆၀၀၀)ကျော်ကို ဘေးလွတ်ရာနေရာများရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း အစရှိသော နေရာများ၌ ပြောင်းရွှေ့နေရာချထားခဲ့ကြောင်း သိရသည်။
အမရပူရမြို့ရှိ ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး တာရိုးကျိုးပေါက်မှုအား ကယ်ဆယ်ရေးဆောင်ရွက်စဉ်(ဓာတ်ပုံ-မီးသတ်ဦးစီးဌာန)
အမရပူရမြို့ရှိ ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး တာရိုးကျိုးပေါက်မှုအား ကယ်ဆယ်ရေးဆောင်ရွက်စဉ်(ဓာတ်ပုံ-မီးသတ်ဦးစီးဌာန)
အဆိုပါ ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး တာရိုး အောက်ခြေတွင် ဇူလိုင်လ(၁၉)ရက်နေ့ ညနေပိုင်းကစတင်၍ ရေစိမ့်မှုဖြစ်ပွားခဲ့ပြီး ည(၈)နာရီ အချိန်ခန့်တွင်တဖြည်းဖြည်းချင်း ရေစိမ့်မှုများ များပြားလာခဲ့ရာ တာရိုးကျိုးပေါက်သွားခဲ့ကြောင်း၊ ယင်း တာရိုးကျိုးပေါက်မှုကြောင့် ယခုအခါ ကမ်းနားလမ်းတွင်အသွားအပြန် လမ်းနှစ်ဖက်လုံး ကျိုးကျပျက်စီးသွားခဲ့ကြောင်း သိရသည်။
အမရပူရမြို့နယ်ရှိ မြစ်ရေဝင်ရောက်သော ရပ်ကွက်(၄)ခုမှ ပြည်သူများအား လက်တလော (၇)ရက်စာ အစားအသောက်နှင့် ငွေကြေးထောက်ပံ့မှုများအား လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ယင်း တာရိုးကျိုးပေါက်မှုကို ပြန်လည်ပြုပြင်နိုင်ရန် လက်ရှိအခြေအနေတွင် ရေပြွန်ပေါက် သံထိန်းကျောက်စီကာသည့် နည်းလမ်းကို စမ်းသပ်အသုံးပြုသွားရန် စီစဉ်နေပြီး သံ Frame အခုရေ (၂၀၀၀)ကျော် ပြုလုပ်ကာ ကျောက်တုံးများထည့်၍ ဦးစွာ တားဆီး နိုင်အောင်ပြုလုပ်ထားကြောင်း သိရသည်။ (Xinhua)