Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် ဆက်လက် ကျော်လွန်နိုင် 

ဧရာဝတီမြစ်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) 

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့တွင် ချင်းတွင်းမြစ်ရေသည် လက်ရှိတွင် စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ရှိခဲ့ပြီး၊ ယင်း စိုးရိမ်ရေမှတ်အား ဆက်လက်ကျော်လွန်နိုင်ကြောင်း ၊ ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တွင် နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်ထိ ရောက်ရှိနိုင်ကြောင်း နှင့် ဧရာဝတီမြစ်ရေ သည်စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြစ်ရေဌာနခွဲမှ ဦးစီးအရာရှိ ဦးချစ်ထွေးထွန်း က ပြောကြားသည်။

၎င်းက “မြစ်ရေ သတိပေးချက် ဆိုပြီး ထုတ်ပြန်ရတာက  မြို့ပေါ်ရဲ့ တစ်ချို့ကျေးရွာတွေ နဲ့ ရပ်ကွက် တွေမှာဆိုရင်  စိုးရိမ်ရေမှတ် မရောက်ခင် ၁ပေ- ၁ပခွဲ ကတည်းက ရေဝင်တာတွေရှိပါတယ်။ ဒါကြောင့် ပြည်သူတွေ သတိပြုနေထိုင်ဖို့အတွက် သတိပေးချက် ကို ထုတ်ပြန်ရခြင်းဖြစ်ပါတယ်’’ဟုရှင်းပြသည်။ 

ထို့ပြင် ကသာမြို့နယ်၊ ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်များအတွင်းရှိ  မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုှုဦးစီးဌာန မှ သတိပေးချက် ထုတ်ပြန်ထားကြောင်းလည်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.