Connect with us

Environment, Disasters & Accidents

အမရပူရမြို့နယ် ရွှေဂဲရေထိန်းတံခါးအနီး တာရိုး ဂလိုဏ်ပေါက်ဖြစ်ပြီး ဧရာဝတီ မြစ်ရေ စီးဆင်းဝင်ရောက်သော ရပ်ကွက်နေ ပြည်သူများကို ဘေးလွတ်ရာသို့ ရွေ့ပြောင်း

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဆိုးထုတ်မြောင်းမှတဆင့် မြစ်ရေများ စိမ့်ဝင်ကာမြေသားကျွံကျမှုဖြစ်ပေါ်မှုအားတွေ့ရစဉ်(ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရွှေဂဲရေထိန်းတံခါးအနီး တာရိုး ဂလိုဏ်ပေါက်ဖြစ်ပြီး ဧရာဝတီ မြစ်ရေ စီးဆင်းဝင်ရောက်လာသော ရပ်ကွက်များမှ ပြည်သးများကို  ဘေးလွတ်ရာသို့ ရွေ့ပြောင်း ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။

“ညပိုင်းထဲက ကျိုးပေါက်မှုအတွက်ပြင်ဆင်တာတွေ လုပ်ထားပါတယ်၊ ခုမနက် ရေဝင်လာတာ ရပ်ကွက်က အိမ်တွေကို ဆက်ရွေ့ပးနေပါတယ်”ဟု ကယ်ဆယ်ရေးဆောင်ရွက်နေသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဆိုးထုတ်မြောင်းမှတဆင့် မြစ်ရေများ စိမ့်ဝင်ကာမြေသားကျွံကျမှုဖြစ်ပေါ်မှုအားတွေ့ရစဉ်(ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

အနိမ့်ပိုင်းရပ်ကွက် ၄ ခုရှိ အိမ်ထောင်စုများအား အမြင့်ပိုင်းနေရာများရှိ ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းနှင့် ဘုရားဝန်းများအတွင်းသို့ ကူညီရွှေ့ပြောင်းနေရာချထားပေးလျက်ရှိကြောင်းနှင့် လူ၊ တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

အမရပူရမြို့နယ်၊ မန္တလေး-စစ်ကိုင်းကားလမ်းဘေး၌ ဇူလိုင် ၁၉ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဆိုးထုတ်မြောင်းမှတဆင့် မြစ်ရေများ စိမ့်ဝင်ကာမြေသားကျွံကျမှုဖြစ်ပေါ်ခဲ့ပြီး အနိမ့်ပိုင်းရှိ မှန်တန်းရပ်ကွက်၊ ယင်းတော်ရပ်ကွက်၊ ဈေးချို ရပ်ကွက်နှင့် ကြံတန်းရပ်ကွက်များအတွင်းသို့ မြစ်ရေစတင် ဝင်ရောက်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ မြစ်ရေစိမ့်ဝင်မှုကြောင့် ယနေ့နံနက် ၂ နာရီခွဲခန့်တွင် ကားလမ်းမှာ အလျား ပေ ၂၀ ခန့် ကျိုးပေါက်မှုဖြစ်ပေါ်ပြီး ရေများစီးဝင်ကာ အနိမ့်ပိုင်း ရပ်ကွက်များသို့ မြစ်ရေအနိမ့်ဆုံး ၁ ပေမှ ၄ ပေအထိ ဝင်ရောက်ခဲ့ကြောင်း သိသည်။

အဆိုပါနေရာသို့ ယမန်နေ့ည ၁၀ နာရီမှ စတင်၍ ယခုအချိန်ထိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ မန္တလေးတပ်နယ်မှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ စက်ယန္တရားကြီးများဖြင့် မြေဖို့ခြင်း၊ သဲအိတ်များကာရံခြင်း၊ သံဖြင့်ပြုလုပ်ထားသော ကျောက်ခြင်းများဖြင့်ပိတ်ဆို့ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.