Environment, Disasters & Accidents
အမ်း- စစ်တွေ ကားလမ်းပေါ် ရေကျော် လျော့ကျမှု အခြေအနေပေါ်မူတည်၍ ခရီးသွားယာဉ်များအား အလှည့် ကျ ဖြတ်သန်းခွင့်ပြု

ရန်ကုန် ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ)
ရန်ကုန်-စစ်တွေကားလမ်းမကြီး ၊ အမ်း- စစ်တွေ ကားလမ်းပေါ် ရေကျော်လျော့ကျမှု အခြေအနေပေါ်မူတည်၍ ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေစေရန် သက်ဆိုင်ရာမှ ယာဉ်များအား ယနေ့ဇွန် ၁၅ ရက် ၊ နံနက် ၉ နာရီ အချိန်မှ စတင် အလှည့်ကျ ဖြတ်သန်း ခွင့်ပြုပေးလျက်ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်မှု အရ သိရသည်။
အမ်း- စစ်တွေ ကားလမ်း (အမ်း-ကြာအင်းတောင် အပိုင်း) မိုင်တိုင်အမှတ် (၂၈/ဝ) မိုင် နှင့် (၂၈/၁) မိုင်ကြား၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းပေါ် ရေကျော်ကာ အလျား(၁၀၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၄၀) ပေ အကျယ် လမ်းသားပဲ့ကျမှုဖြစ်ပွားခဲ့ပြီး မူလလမ်းပေ (၄၀)မှ(၂၈)ပေ ထိ ရေတိုက်စားမှု ပါရှိသွားခဲ့သည်။
ထို့အတူ လမ်းပြုပြင်ပြီးစီးရေးအတွက် လမ်းအထူးအဖွဲ့ ( ၁၆ ) မှ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)