Environment, Disasters & Accidents
ဧရာဝတီမြစ်ရေ တိုးမြင့်လာ၍ ထီးချိုင့်မြို့နယ် အတွင်း တံတားတစ်စင်းပြိုလဲ
ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့၏ ဧရာဝတီမြစ်ရေသည် ဇူလိုင် ၁၈ ရက်နေ့မှ စတင်မြင့် တက်ခဲ့ရာ ဇူလိုင် ၂၅ ရက်နေ့တွင် ၈၈၂ စင်တီမီ တာသို့ရောက်ရှိနေကြောင်း၊ မြစ်ရေမြင့်တက်မှုကြောင့် ထီးချိုင့်မြို့နယ် အတွင်း တံတားတစ်စင်းပြိုလဲကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ဧရာဝတီမြစ်ရေ တိုးမြင့် လာမှုကြောင့် ထီးချိုင့်မြို့နယ် ဒိုးပင် – မယ်ဇလီ – ညောင်ပင်သာ ရွာချင်း ဆက်လမ်းပေါ်တွင်ရှိ လက်ပံ ချောင်းတံတား ယိုင်လဲပြိုကျ နေကြောင်းဇူလိုင် ၂၅ ရက်နေ့က မြို့နယ် တာဝန်ရှိသူများ စစ်ဆေးတွေ့ ရှိရကြောင်း၊အဆိုပါ တံတားသည် ၂၀၁၂ – ၁၃ ခုနှစ်က၊ ကျေး လက် ဦးစီးဌာနမှ တည်ဆောက်ခဲ့ပြီး တံတား အရှည် ၁၂၀ ပေ၊ အနံ ၁၄ ပေ၊ အမြင့် ၁၅ ပေရှိ သစ်သားတံတားဖြစ်သည်၊ ခန့်မှန်းကုန်ကျငွေမှာ ကျပ်သိန်း ၃၆၀ ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)