Environment, Disasters & Accidents
၂၀၁၉ ခုနှစ် မေ-ဇွန်-ဇူလိုင်လအထိ အယ်နီညိုဖြစ်ပေါ်နိုင်မှု ၈၀ ရာခိုင်နှုန်း အထိရှိကြောင်း မိုးဇလထုတ်ပြန်
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ)
၂၀၁၉ ခုနှစ် မေ-ဇွန်-ဇူလိုင်လအထိ အယ်နီညိုဖြစ်ပေါ်နိုင်မှု ရာခိုင်နှုန်းမှာ ၈၀ ရာခိုင်နှုန်း အထိရှိနိုင်ပြီး၊ ဇူလိုင်-ဩဂုတ်-စက်တင်ဘာလတို့တွင် ၆၂ ရာခိုင်နှုန်းသို့ ပြန်လည် လျော့ကျလာနိုင်ကြောင်းကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ယခုနှစ် မေလအတွင်း အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ အရှေ့ အလယ်ပိုင်း၏ပင်လယ်ရေမျက်နှာပြင် အပူချိန်သည် ပုံမှန်ထက်အနည်းငယ်မြင့်နေဆဲ ဖြစ်ကြောင်း၊ ထို့ကြောင့် အယ်နီညိုဖြစ်စဉ်သည် ဩဂုတ်လအထိ ဆက်လက်ရှိနိုင် ကြောင်း မိုးဇလ ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)