ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဆန်ဆိုင်း (က)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ နန်းနန်းဘွန်းကျောက်ရွှေဆိုင်အား ယနေ့ နံနက် ၇နာရီ ခွဲက ဓားပြတိုက်ခဲ့ရာ ငွေကျပ်သိန်း ၂၉၀၀ ခန့်တန်ဖိုးရှိ ရွှေထည်မျိုးစုံ စိန်ထည်ပစ္စည်းများနှင့် ထိုင်းဘတ်ငွေများကို ဓားပြတိုက်သူများက ယူဆောင်သွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက...
နေပြည်တော်၊ မတ်လ ၂၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု စံ သတ်မှတ်ရေး အဖွဲ့(NSSA:_ National Skills Standards Authoruty) သည် ၎င်း၏ Quality Management System လုပ်ငန်းစဉ်အတွက် ISO 9001 : 2015 ကို ရရှိခဲ့ရာ...
ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ မင်းလှ မြို့နယ်၊ ထန်းကိုင်းဒေသရေနံမြေရှိ ရေနံမှော်အတွင်း ရေနံခပ်စဉ် ရေနံခွက်နှင့် သံကတော့ ပွတ်တိုက်မှုဖြစ်ပွားပြီး မီးလောင်ကျွမ်းခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ လက်ခုပ်ကွင်း ကျေးရွာ၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၇၄/၁-၂)ကြားတွင် မတ် ၂၈ ရက် နံနက်ပိုင်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး လူ ၃ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့် နော်ဝေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး HE. Mr. Dag- Inge Ulstein တို့တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ မတ်လ ၂၈ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတွင် မီဒီယာသမားများ ဦးရေ၊ အလုပ်ဌာန၊ တာဝန် စသည်တို့ အတိအကျ သိရှိနိုင်ရန် မီဒီယာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် စီစဉ်သွားမည်ဟု မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဦးထက်မြက် (ဆရာထက်မြက်)က ယနေ့ ပြောကြားခဲ့သည်။
နေပြည်တော်၊ မတ်လ ၂၈ ရက်(ဆင်ဟွာ) မသန်စွမ်းသူများ၏ မိမိဂုဏ်သိက္ခာဖြင့် ကိုယ် ရပ်တည် နေထိုင်နိုင်ရေး လုပ်ငန်းများတွင် မီဒီများက ပူးပေါင်း ဆောင်ရွက်ပေးရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ယနေ့နံနက် တိုက်တွန်း ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်ရှိ One StopMart ဆိုင်ကို ဝင်ရောက် ဓားပြတိုက်သူနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ၂၀၁၉ခုနှစ်၊ ဧပြီလ လပတ်နှင့် ဧပြီလ ပထမ(၁၀) ရက်ပတ် မြစ်ရေအခြေအနေ ခန့်မှန်းချက်များကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် မတ် ၂၇ ရက် နေ့လည်ပိုင်းက ယာဉ်တိမ်းမှောက်ပြီး လူ ၁၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။