Connect with us

Environment, Disasters & Accidents

မုံရွာမြို့နယ်၌ ယနေ့ နံနက် ၈း၃၀နာရီ တွင် ရေယာဉ် နှစ်စီးတိုက်မိရာမှ လူ ၅ ဦး သေဆုံး


ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် မုံရွာ-ကလေးဝ၊ မြစ်တွင်းရေလမ်း၌ ယနေ့ နံနက် ၈း၃၀နာရီ တွင် ကုန်တင် ဖလက်တွဲနှင့် အငှားဖောင်တွဲ ရေယာဉ်တို့တိုက်မှုဖြစ်ပွားခဲ့ရာ ရေယာဉ်ပေါ်ပါသူ (၁၁)ဦးအနက် (၅)ဦးသေဆုံး ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မုံရွာမြို့ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ရေယာဉ်တစ်စီးနဲ့တစ်စီးကျော်တက်ရင်း နဲ့ အရှိန်မထိန်းနိုင်ဘဲတိုက်မိခဲ့တာပါ။’’ ဟုဆင်ဟွာကိုပြောသည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် (ဓာတ်ပုံ–မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် (ဓာတ်ပုံ–မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် (ဓာတ်ပုံ–မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကူး တံတား၊ တိုင်အမှတ်(P-3) နှင့်(P-4)ကြား၊ မုံရွာ-ကလေးဝ၊ မြစ်တွင်းရေလမ်းတွင် ကုန်တင် ဖလက်တွဲနှင့် အငှားဖောင်တွဲ ရေယာဉ်တို့တိုက်မိခဲ့ကြခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ် နှင့် ပတ်သက်၍ နံနက် ၉း၃၀ နာရီခန့်တွင် မီးသတ်တပ်ဖွဲ့က သတင်းရရှိသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးဦးဆောင်၍ ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရာ ရေယာဉ်ပေါ်ပါသူ (၁၁)ဦးအနက် (၆)ဦး (အသက်ရှင်)၊ ကျန်(၅)ဦး(သေဆုံး) တို့အား ကယ်ဆယ်ဆောင်ရွက်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် တွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.