ရန်ကုန် ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) နိုင်ငံတကာ ဖိတ်ခေါ် ပြိုင်ပွဲများအတွက် ပြင်ဆင်လျှက်ရှိသည့် မြန်မာ့လက်ရွေးစင် ယူ ၂၃ အသင်း ၊ မြန်မာ့ လက်ရွေးစင် ယူ ၂၁ အသင်း တို့နှင့် မြန်မာနေရှင်နယ်လိဂ်ညွန့်ပေါင်းအသင်းတို့သည် ဒီဇင်ဘာ ၄ ရက် နှင့် ၆...
ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ဟန်ထက် ကျောက်မီးသွေးကုမ္ပဏီ၏ ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် သေဆုံးသော မြန်မာလုပ်သား ၇ ဦးအား လျော်ကြေးငွေများ ပေးအပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) မောင်တောမြို့၊ မောင်နီကျေးရွာအနီး နတ်မြစ်အတွင်း၌ နိုဝင်ဘာ ၃၀ ရက်၊ နံနက် ၆ နာရီ ၂၅ မိနစ်တွင် ရေယာဉ်ဖြင့် လှည့်ကင်းဆောင်ရွက်စဉ် စက်တပ်လှေ တစ်စီးပေါ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦး ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက...
ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ် နတ်မြစ်အတွင်းမှ ကျပ် သိန်း ၁၃၀၀ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရေး၌ ညှိနှိုင်းဆောင်ရွက်ရန် ကျန်ရှိသည့်ကိစ္စရပ်များကို အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်ကြရန်လိုကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) မလေးကျွန်းဆွယ်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ကပ္ပလီပင်လယ်ပြင်တွင် ဆက်လက်တည်ရှိနေပြီး၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၂၄)နာရီ အတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) YBSယာဉ်များ မီးပွိုင့်များအနီးတွင် လူအတင်အချပြုလုပ်နေခြင်းများအား အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ အဝိုင်းပတ်စနစ်များအား ဖျက်သိမ်းသွားရန်အစီအစဉ်မရှိကြောင်း လျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကပြောသည်။
ရန်ကုန်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အလုပ်သဘောချစ်ကြည်ရေးခရီး သွားရောက်ရန် ယနေ့ နံနက် ၈နာရီတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သန်းကျော် အားတရားခံ ၅ ဦးနှင့်အတူ ဘူးသီးတောင် နှင့် မောင်တော ဘက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီ မှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ဧရာဝတီတိုင်း ဒေသကြီးအတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၁၆ ခု အတွက် ကျပ်သန်းပေါင်း ၈ဝဝဝကျော် သုံးစွဲသွားရန် လျာထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။