Connect with us

Environment, Disasters & Accidents

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မီးလောင်မှု ဖြစ်ပွား

မီးလောင် ပျက်စီးသွားသည့် နေအိမ်အား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ မတ် ၆ ရက်(ဆင်ဟွာ)

ရန်ကုန် အရှေပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အမှတ်(၃၆)ရပ်ကွက်၊ အောင်မြေလမ်းတွင် ယနေ့မတ် ၆ ရက် နံနက်ပိုင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁ လုံး မီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် (၂၃) သိန်းခန့် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၆)ရပ်ကွက်၊ အောင်မြေလမ်း၊ အိမ်အမှတ်(၃၄၄)တွင် ဒေါ်သန္တာဆွေ ပိုင် နေအိမ်တွင် ငှားရမ်းနေထိုင်သော ဒေါ်သန်းမြင့်မှ ဘုရားမီးပူဇော်ရာ ဘုရားမီးပူဇော်သော မီးသီးခေါင်း အပူလွန်ကဲရာမှ မီးစတင် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မြို့မရဲစခန်းမှ (ပ)၅၄၂/၂၀၁၈/၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ အင်အား(၉၀)၊ အရန်မီးသတ် (၄၄)ဦး၊ စုစုပေါင်း(၁၃၄)ဦး၊ မီးသတ်ယာဉ်(၁၃)စီး၊ အုပ်ချုပ်မှုယာဉ်(၄)စီး၊ ထောက်ပံ့ယာဉ် (၃)စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၁၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၈ နာရီ ၁၇ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.