Connect with us

Environment, Disasters & Accidents

နေပြည်တော် ကောင်စီ နယ်မြေ အတွင်း ကမ်းပြို ကာကွယ်ရေး လုပ်ငန်း ခြောက်ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

နေပြည်တော်ကောင်စီ နယ်မြေအတွင်း ကမ်းပြို ကာကွယ်ရေး လုပ်ငန်းများအား ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင် နှင့် တာဝန်ရှိသူများ လိုက်လံ ကြည့်ရှု စစ်ဆေးနေစဉ်(ဓာတ်ပုံ- Myanmaalinn)

ရန်ကုန် ၊ မတ် ၆ ရက်(ဆင်ဟွာ)

နေပြည်တော် ကောင်စီ နယ်မြေ အတွင်း ယခုဘဏ္ဍာရေးနှစ် အတွင်း ပြည်ထောင်စုအရေးပေါ်ရန်ပုံငွေဖြင့် ကမ်းပြိုကာကွယ် ရေး လုပ်ငန်းခြောက်ခုကို အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ပြည်ထောင်စုအရေးပေါ် ရန်ပုံငွေနှင့် ဆောင်ရွက်လျက်ရှိသည့် ကမ်းပြို ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေမှု အခြေအနေ များကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင် ၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းနှင့် တာဝန်ရှိသူများ နှင့်အတူ မတ် ၄ ရက်တွင် လိုက်လံ ကြည့်ရှု စစ်ဆေးခဲ့ပြီး အချိန်မီ ပြီးစီးရေးအတွက် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ဒက္ခိဏသီရိမြို့နယ် ဒိုးနွယ်ကျေးရွာ ပလွေးချောင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်းကို ကြည့်ရှုခဲ့ရာ Steel Basket အခြေပြု ကျောက်စီနံရံ အလျား ပေ ၁၂ဝဝ နှင့် သံခြင်းရေကာတို ၁၁ ခု၊ သောင်စွယ်ဖြတ် ခြင်းလုပ်ငန်းတစ်ခုကို ဆောင်ရွက်လျက် ရှိပြီး ၆၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး လုပ်ငန်းများကို မတ်လတွင် ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဝင်းက ရှင်းလင်းခဲ့သည်။

ထို့အတူ လယ်ဝေးမြို့နယ် စည်ပိုင်းကျေးရွာ ပလွေးချောင်း ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းSteel Basket အခြေပြု ကျောက်စီ မြေထိန်းနံရံ အလျားပေ ၉၉ဝ တည်ဆောက်နေမှုနှင့် ပုဗ္ဗသီရိမြို့နယ် ကုလားရွာကျေးရွာ ဆင်သေချောင်း ရေတိုက်စား မှု ကာကွယ်ရေးလုပ်ငန်းမျောတိုင်တန်းGeo-tube အခြေထိန်း ကရစ်ကွက် အလျားပေ ၁၆ဝဝ ၊Pilot Channel အလျား ၁ဝဝဝ ပေ တူးဖော်ပြီးစီးမှုနှင့် မျောတိုင်တန်းGeo-bag ဖြည့် ရေကာတို ငါးခုရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှု အခြေအနေ များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.