ရန်ကုန် ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး ၊တနင်္သာရီမြို့နယ်၊ တနင်္သာရီမြစ် ကိုဖြတ်၍ တနင်္သာရီ သံမဏိ သံဘောင်တံတား သစ် တစ်စင်း တည်ဆောက် လျက်ရှိရာ လက်ရှိတွင် ရေလည်တိုင် များ ဘိုးပိုင် အုတ်မြစ်ချရေး စီမံကိန်း လုပ်ငန်းများ တည်ဆောက်ခြင်း တို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊...
နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်၊ အာရှ တာဝေး စက်ဘီးပြိုင်ပွဲနှင့် မသန်စွမ်းစက်ဘီးပြိုင်ပွဲကို နေပြည်တော်တွင် ယနေ့ စတင် ကျင်းပခဲ့ရာ နံနက်ပိုင်း တာဝေး စက်ဘီးပြိုင်ပွဲ၌ နိုင်ငံ ခြောက်နိုင်ငံမှ စက်ဘီးအသင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်အထက်ပိုင်းရှိနေရာ သုံးခုတွင် ငါးမဖမ်းရဇုန်များသတ်မှတ်၍ ငါးသယံဇာတရေရှည်တည်တံ့စေရန် ဒေသခံပြည်သူများဦးဆောင်ကာ ထိန်းသိမ်းမည့်အစီအစဉ်ကို ငါး လုပ်ငန်းဦးစီးဌာနနှင့်အတူ သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံ အစီအစဉ်)၊ FishBioအဖွဲ့နှင့် လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) တရားမဝင် အကောက်ခွန်မဲ့ သကြား ၅ဝ ကီလိုဂရမ်ရှိ အိတ်ပေါင်း ၁၄ဝ သယ်ဆောင်လာသည်ကို မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့များက ဖေဖော်ဝါရီ ၆ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်ရှိ နန်းဖာလုံဈေးကြီးသည် ဖေဖော်ဝါရီ ၇ ရက်နေ့ ည၁၁နာရီ ဝန်းကျင်က မီးစတင်လောင်ကျွမ်းရာ ဆိုင်ခန်းပေါင်း ၅၀၀ကျော် နှင့် ဈေးနှင့် ကပ်လျက်ရှိသော နေအိမ် ၆လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထံမှ စုံစမ်း...
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၏ အနောက်ဘက် ၃ မိုင်ခန့်အကွာရှိ မိုင်းဆတ်-တာချီလိတ်သွား ကားလမ်းပေါ်၌ တရားမဝင်သစ် ၁၅တန် ဖမ်းမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများကို ၁၉-၂-၂၀၁၈ (တနင်္လာနေ့)တွင်စတင်ထုတ်ယူ နိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မှ ယနေ့သတင်းကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ဗဟန်းမြို့နယ်၊ရွှေတောင်ကြား(၁)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ မြန်မာပလာဇာအရှေ့၊ အင်းယားကန်ပေါင်ဘေးတွင် ယနေ့ နံနက် ၃နာရီခွဲခန့်တွင် ပြိုင်ကား တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။အဆိုပါ မီးလောင်ရာတွင် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်တို့ရောက်ရှိ လာရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း...
ရန်ကုန်၊ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) ရန်ကုန်မြို့ဂျန်းရှင်းစကွဲ၌ ဖေဖော်ဝါရီ ၇ ရက် ညပိုင်းတွင် တရုတ်နှစ်သစ်ကူး ဖျော်ဖြေရေး တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်ရိုးရာ ခြင်္သေ့ အက နှင့် နဂါးအက မျာကို တင်ဆက်ကပြခဲ့ကြောင်း သိရသည်။ယခုပြိုင်ပွဲသည် ၄ ကြိမ်မြောက် ကျင်းပသော ပြိုင်ပွဲတစ်ခုဖြစ်ပြီး ” တရုတ်ခြင်္သေ့နဂါးအကရိုးရာယဉ်ကျေးမှုကို ပြသချင်လို့ပါ”...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) ယနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ကျရောက်သော (၇၁)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပခဲ့ကြောင်း သိရသည်။