Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော် ဆောင်ရွက်ရေးများ ဆွေးနွေး

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ-နိုင်ငံတော်၏ အတိုင်ပင်ခံရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်းများ နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအစည်းအဝေး၌ ဆွေးနွေးကြကြောင်း သိရသည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည် ဖော်ရေးဗဟိုကော်မတီ (၁/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည် ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခြင်း၊ ရခိုင်ပြည်နယ်အတွင်း လက်ရှိအခြေအနေများကိုလည်းကောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ ကိစ္စရပ်များအပေါ် နိုင်ငံတကာနှင့်စပ်လျဉ်းသည့် အခြေအနေများကို လည်းကောင်း၊ လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှု နှင့်စပ်လျဉ်း၍လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ၊ နိုင်ငံသားစိစစ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ကော်မတီလုပ်ငန်းများ၊ UEHRD လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့်စပ်လျဉ်း၍ လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.