နေပြည်တော်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ နှင့် တွေ့ဆုံစဉ် မွန်ပြည်သစ်ပါတီ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖြတ်မြို့နယ်တွင် စက်တင်ဘာလ ၁ရက် နံနက်အစောပိုင်း ၁နာရီ ၃၀ မိနစ်မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မိုင်းဖြတ်-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် ၇၁၁/၃၁၄ ကြားတွင် မိုးသည်းထန်စွာ အဆက်မပျက် ရွာသွန်းမှုကြောင့် တောင်ကမ်ပါးယံပြိုကျမှုများ ၄နေရာခန့် ဖြစ်ပွားပြီး...
ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) စစ်တောင်းမြစ်ရေတိုးလာမှုကြောင့် တောင်ငူမြို့နယ်အတွင်း မြစ်ကမ်းနဘေး နေထိုင်သည့် နေအိမ်များ ရေဝင်ရောက်မှု ဖြစ်ပေါ်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး ဆောင်ရွက်လျက်ရှိသော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမြို့နယ်လေးမြို့ နယ်တွင် ကြိုးကြာခေါင်းနီငှက်သိုက် ၅ဝခု တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) တပ်မတော်က သတင်းသမားများနှင့် လူပုဂ္ဂိုလ် စုစုပေါင်း ၈ဦးအပေါ် တရားစွဲဆိုထားသော အမှုများအား ရုတ်သိမ်းပေးလိုက်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ ယနေ့ စက်တင်ဘာ ၁ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က တရားဝင်စာဖြင့် အကြောင်းကြားလာကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) အဝေးပြေးဝင်းရှိ ယာဉ်တစ်စီးပေါ်မှ ပိုင်ရှင်မဲ့ ရိုင်ဖယ်ကျည်ဆန်များ တွေ့ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) မောင်တောခရိုင်မေယုတောင်ခြေ အင်းဒင်ကျေးရွာအနီး ယနေ့ သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များ နယ်မြေရှင်းလင်း ဆောင်ရွက်နေစဉ် ARSA အစွန်းရောက် အကြမ်းဖက်သမား ၁၅၀ ကျော်က ဓားများဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ခုခံပစ်ခတ်ရာ အကြမ်းဖက်သမား...
ရန်ကုန် ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း ARSA အစွန်းရောက်အကြမ်းဖက်သမားများ ရန်ပြုပိတ်ဆို့ထားသော ဟိန္ဒူလူမျိုး ၄၉၉ဦးအား ကယ်ထုတ်နိုင်ပြီဖြစ်ကြောင်း ယနေ့ သတင်ထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။
နေပြည်တော်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေး ၅၄ ရက်တာ ကာလတွင် ဥပဒေကြမ်း ၃၃ ခုတို့ကို ဆွေးနွေး ဆောင်ရွက်ခဲ့ရာ၌ ၁၆ ခုကို အတည်ပြုနိုင်ခဲ့သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နာယက သူရဦးတင်ဦးသည် ယနေ့ သြဂုတ်လ ၃၁ ရက်နေ့၌ ဆေးကုသမှုခံနေသော ရန်ကုန်အပြည်ပြည်ဆိုင်ရာဆေးရုံမှ ကျန်းမာစွာဖြင့် ဆေးရုံဆင်းပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။