Connect with us

Sport

လုံခြုံရေး အခြေအနေကြောင့် ပွဲရွှေ့ဆိုင်းခဲ့ရသည့် ကာဂျစ္စတန်အသင်းနှင့် မြန်မာအသင်းတို့ ပွဲစဉ် ကြားနိုင်ငံ တစ်နိုင်ငံတွင် ပြန်လည် ယှဉ်ပြိုင် ကစားရန် ဆုံးဖြတ်

မြန်မာအသင်း၏ ယှဉ်ပြိုင် ကစားနေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ- MFF)

ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)

လုံခြုံရေး အခြေအနေကြောင့် ပွဲရွှေ့ဆိုင်းခဲ့ရသည့် ကာဂျစ္စတန်အသင်းနှင့် မြန်မာအသင်းတို့ ပွဲစဉ်အား ၂၀၁၈ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့တွင် ကြားနိုင်ငံတစ်နိုင်ငံတွင် ပြန်လည် ယှဉ်ပြိုင်ကစားရန် အာရှဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲကျင်းပရေးကော်မတီမှ ဆုံးဖြတ်လိုက်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်(MFF)မှ သတင်း ထုတ်ပြန်ခဲ့သည်။

ပြိုင်ပွဲ ကျင်းပမည့် နိုင်ငံကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ကာဂျစ္စတန် ဘောလုံးအဖွဲ့ချုပ်တို့ ညှိနှိုင်း ဆုံးဖြတ် ကြရမည် ဖြစ်ပြီး သဘောတူညီမှု မရခဲ့ပါက အာရှဘောလုံးအဖွဲ့ချုပ်မှ ဆုံးဖြတ် ပေးမည် ဖြစ်ကြောင်း သိရသည်။ထိုပွဲစဉ် အတွက် အာရှ ဘောလုံး အဖွဲ့ချုပ် ပြိုင်ပွဲ ကျင်းပရေး ကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာ့လက်ရွေးစင်အသင်း၏ ပြိုင်ပွဲအတွက် ကုန်ကျစရိတ်အားလုံးနှင့် ပြိုင်ပွဲကျင်းပရန် ကုန်ကျစရိတ်များကို ကာဂျစ္စတန်ဘောလုံးအဖွဲ့ချုပ်မှ ကျခံရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အာရှဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ် (၄)ပွဲ ကစားပြီးချိန်တွင် တစ်ပွဲနိုင် တစ်ပွဲရှုံး နှစ်ပွဲ သရေ ရမှတ် (၅) မှတ်ဖြင့် အုပ်စု တတိယနေရာတွင် ရပ်တည်လျက်ရှိပြီး အာရှဖလားသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် လက်ကျန်ပွဲစဉ် (၂) ပွဲကို အနိုင် ရရှိရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ကာဂျစ္စတန်အသင်းနှင့် ၂၀၁၈ ခုနှစ် မတ်လ (၂၂) ရက်နေ့တွင် ယှဉ်ပြိုင်ကစားပြီး ငါးရက်အကြာတွင် ခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် မတ်လ (၂၇) ရက်နေ့တွင် မကာအိုအသင်းနှင့် အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117