Connect with us

Politics, Law & Military

ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများကို လိုက်နာရန် တိုက်တွန်း

၂၀၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအစည်းကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ)

နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များအနေဖြင့် ကျောက်အတွဲများ တင်ပြရောင်းချခြင်း၊ တန်ဖိုးငွေပေးချေခြင်းစသည့် ကိစ္စရပ်များတွင် နိုင်ငံတော်က ချ မှတ်ထားသည့် မူဝါဒများ၊ အမိန့်ကြော်ငြာစာ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ် ထားသည့် ရတနာပြပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အလေးထား လိုက်နာဆောင် ရွက်သွားရန် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက တိုက်တွန်းခဲ့ကြောင်း သိရသည်။

၅၄ ကြိမ်မြောက် ရတနာပြပွဲနည်းတူ ကျောက်စိမ်း၊ ကျောက်မျက် အတွဲများကို အိတ်ဖွင့်တင်ဒါစနစ် တစ်မျိုးတည်းနှင့်သာ တင်ပြရောင်းသွားမည်ဖြစ် ကြောင်း၊ ပြပွဲဗဟိုကော်မတီအနေဖြင့် ကျောက်စိမ်း၊ ကျောက်မျက်အတွဲများကို အိတ် ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရာ၌ ရောင်းသူ၊ ဝယ်သူ နှစ်ဦးနှစ်ဖက် အဆင်ပြေချောမွေ့ စေရေးအတွက် ပြပွဲဆိုင်ရာစည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များကို မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်းဆွေးနွေးပြင်ဆင်ထားရှိကြောင်း ၎င်းဆိုသည်။

ရတနာပြပွဲများကို နိုင်ငံတကာအဆင့်မီ ကျင်းပပြုလုပ်နိုင်ရေး၊ ပြပွဲဆိုင်ရာလုပ် ငန်းများ အားနည်းချက်မရှိစေရေးနှင့် ရတနာပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားရှိသည့် လုပ်ငန်းကော်မတီများအနေဖြင့် ယခင်ကျင်းပ ပြပွဲများနည်းတူ လုပ် ငန်းများဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်သည့် နည်းလမ်းများနှင့် ဆောင်ရွက်သွားရန် မှာကြားလိုကြောင်း၊ ပြပွဲဆိုင်ရာလုပ်ငန်းအမျိုးအစားအလိုက် အသုံးစရိတ်များကို စနစ်တကျ စိစစ်သုံးစွဲရေး၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ စာရင်းရှင်း လင်းတင်ပြနိုင်ရေး ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောသည်။၂၀၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအစည်း အဝေးကို နိုဝင်ဘာ ၂၄ ရက်နေ့ ၂နာရီတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.