Connect with us

Politics, Law & Military

မိုးညှင်းမြို့နယ်၌ အမိုနီယံနိုက်ထရိတ်(၁၉၀)အိတ် တွေ့ရှိသိမ်းဆည်းရမိ

အမိုနီယံနိုက်ထရိတ် သယ်ဆောင်လာသူ နှင့် ကားအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

မိုးညှင်းမြို့နယ်၌ အမိုနီယံနိုက်ထရိတ်(၁၉၀)အိတ် တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ ၀၉း၃၀နာရီ အချိန် မိုးညှင်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာ အနီး မစခ(၉၀၄)ရှေ့ပြည်ထောင်စုလမ်းမကြီး၌မစခ(၉၀၄)မှတပ်မတော်သားများသည်မော်တော်ယာဉ်များအား စစ်ဆေးစဉ် မန္တလေးမှ မိုးညှင်းသို့ ဇင်မျိုးဦး ကျောက်မြောင်းကျေးရွာ၊ ရွှေဘိုမြို့နယ်နေသူ မောင်းနှင်လာသည့် 8J/xxxx (၁၂)ဘီး၊ ဆီဘောက်ဆာယာဉ်အား ရပ်တန့်ရှာဖွေရာ အမိုနီယံနိုက်ထရိတ်(၁၉၀)အိတ်၊ (၇၆၀၀) ကီလို တွေ့ရှိသိမ်းဆည်းခဲ့ရမိသဖြင့် ၂၁း၁၅ နာရီ အချိန်တွင် ဇင်မျိုးဦး အားမိုးညှင်းမြို့မရဲစခန်းတွင် (ပ)၁၈၁/၂၀၁၇ဓါတုနှင့်ဆက်စပ်ပစ္စည်းများတားဆီး ကာကွယ် ရေး ပုဒ်မ ၃၇/၃၈ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.