Connect with us

Politics, Law & Military

အင်းတော်မြို့နယ်၌ ခရီးသည်တင် ယာဉ်ပေါ်မှ ကျောက်စိမ်း ၅၈ အိတ် ဖမ်းဆီး ရမိ

ခရီးသည်တင်ယာဉ်ပေါ်မှ ကျောက်စိမ်းအိတ်များနှင့် အတူ ဖမ်းဆီးရမိသူများအား တွေ့ ရစဉ်(ဓာတ်ပုံ- Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)

အင်းတော်မြို့နယ် မြစ်ကြီးနား-မန္တလေးကားလမ်းပေါ်ရှိ မိုင်တိုင် အမှတ် (၁၁၄/၅)၊ မော်လူး ကျေးရွာနှင့် နဘား ကျေးရွာကြား၌ ခရီးသည်တင်ယာဉ်၏ ပစ္စည်းထားသည့် ဝမ်းဗိုက်အတွင်းမှ ကျောက်စိမ်း (၅၈)အိတ်၊ (၁၃၃၆.၇၃) ပိဿာ (၂.၁၈၂တန်)ကို နိုဝင်ဘာ ၂၄ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။

မြစ်ကြီးနားဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော ခရီးသည်တင်ယာဉ်အား စစ်ဆေးရာမှ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ပြီး ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်အား အင်းတော်မြို့မရဲစခန်းမှ (ပ)၁၈၅/၂၀၁၇၊ မြန်မာ့ကျောက်မျက် ရတနာဥပဒေ ပုဒ်မ ၄၂(ခ) ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117