Connect with us

Politics, Law & Military

ငြိမ်းချမ်းရေးအတွက် မှန်ကန်တဲ့ အဖြေ ရှာရဲတဲ့ သတ္တိရှိရမည်ဟု နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြော


နေပြည်တော်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

“ကျွန်မတို့ဟာ ငြိမ်းချမ်းရေးကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းတဲ့နည်းဟာ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ လက်နက်ကိုင်အဖွဲ့အစည်းတွေက ဆိုလို့ရှိရင် စစ်မြေပြင်မှာ လိုအပ်တာက ရုပ်ပိုင်းဆိုင်ရာ သတ္တိပဲ ဆိုတာ အားလုံး သိကြပါတယ်။ ကျွန်မတို့ ငြိမ်းချမ်းရေးဖြစ်စဉ် အစည်းအဝေးတွေမှာ လိုအပ်တာက တော့ စိတ်ပိုင်းဆိုင်ရာ သတ္တိပဲဖြစ်ပါတယ်။ တိုတိုပြောရမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာသတ္တိဆိုတာ ရန်သူကို ရင်ဆိုင်ရဲတဲ့ သတ္တိ၊ စိတ်ပိုင်းဆိုင်ရာ သတ္တိဆိုတာ ကိုယ့်ကိုယ်ကိုယ် ရင်ဆိုင်ရဲတဲ့ သတ္တိပဲဖြစ်ပါတယ်။ ကျွန်မတို့ အားလုံးဟာ ငြိမ်းချမ်းရေးအတွက် လိုအပ်တဲ့မှန်ကန်တဲ့ အဖြေတွေကို ရှာရဲတဲ့ သတ္တိရှိရပါမယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ယနေ့ ပြောကြားခဲ့သည်။

နေပြည်တော် NRPC တွင် ယနေ့ ပြုလုပ်သည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် (NCA) အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) အဖွင့် နှုတ်ခွန်းဆက်စကား၌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော် အတိုင်ပင်ခံက ကျွန်မတို့ အခု အခန်းထဲမှာ ထိုင်နေတဲ့ အစည်းအဝေးကို တက်ရောက်လာတဲ့ ဧည့်သည်တော်များ အားလုံးဟာ ငြိမ်းချမ်းရေးလိုချင်ကြတယ်လို့ ကျွန်မဒီလိုပဲ ယုံကြည်ပါတယ်။ ငြိမ်းချမ်းရေးကို အခြားလူတွေ လိုချင်တာ မလိုချင်တာထက် အလိုချင်ဆုံးကတော့ ကျွန်မတို့ရဲ့ ပြည်သူလူထုပါပဲ” ဟု ပြောကြားခဲ့သည်။

(၆) ကြိမ်မြောက် JICM အစည်းအဝေးတွင် နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

(၆) ကြိမ်မြောက် JICM အစည်းအဝေးတွင် နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

(၆) ကြိမ်မြောက် JICM အစည်းအဝေးတွင် နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

(၆) ကြိမ်မြောက် JICM အစည်းအဝေးတွင် နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

ထို့အပြင် ငြိမ်းရေးရအောင် အတတ်နိုင်ဆုံး ကြိုးစားရမည်က ယနေ့ အစည်းအဝေးသို့ တက်ရောက် လာသူ အားလုံး၏ တာဝန်ဖြစ်ကြောင်း၊ တာဝန်ကြီးမားသည်နှင့်အမျှ ပိုပြီး ဝီရိယ စိုက်ကြရမှာ ဖြစ် ကြောင်း၊ ယခု အစည်းအဝေး ကျင်းပရာတွင် အဓိက မျက်ခြည်မပြတ်ရမှာက ပြည်သူလူထု၏ မျက်နှာ၊ ပြည်သူလူထု၏ ဆန္ဒပင်ဖြစ်ကြောင်းလည်း သူမက ပြောကြားခဲ့သည်။

ဒီမိုကရေစီ အစိုးသစ် လက်ထက်တွင် ဒုတိမြောက်သည့် အဆိုပါ (၆)ကြိမ်မြောက် JICM အစည်း အဝေး သို့ တက်ရောက်လာကြသည့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်း နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ခေါင်းဆောင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးတို့ကလည်း အမှာစကားများ ပြောကြားခဲ့ကြသည်။

ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်းက ပုတုဇဉ်လူသားများ ဖြစ်ကြတဲ့ မိမိရဲ့ လိုအင်ဆန္ဒအသီးသီး အလွန်အကျွံရှေ့တန်းမတင်ဘဲ နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် ပကတိလိုအပ်ချက်ဖြစ်တဲ့ ဒို့တာဝန် အရေးသုံးပါးကို လိုက်နာစောင့်ထိန်းလိုစိတ်၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို ခိုင်ခိုင်မြဲမြဲနဲ့ လိုက်နာစောင့် ထိန်းလိုစိတ်များကို အခြေခံပြီး ဆွေးနွေးအတည်ပြုနိုင်ရေးကိုလည်း ပြောကြားလိုပါတယ်၊ ဒီလိုဆွေးနွေးအတည်ပြုရာမှာလည်းပဲ အပြန်အလှန်ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ အလေးထားပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

PPST ခေါင်းဆောင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက နောက်ဆုံးအနေနဲ့ ပြောချင်တာက အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံတဲ့တွေ့ဆုံဆွေးနွေးမှုတွေကို ပြုလုပ်ဖို့ တိုက်တွန်းလိုပါတယ်” ဟုလည်းကောင်း အသီးသီး ပြောကြားခဲ့ကြသည်။

ယခု အစည်းအဝေးသည် EAO အဖွဲ့ ရှစ်ဖွဲ့တို့၏ တောင်းဆိုတင်ပြမှုအရ ထိပ်သီးခေါင်းဆောင်များ တရားဝင် ဆွေးနွေးခွင့်ရသည့် အစည်းအဝေးဖြစ်ကြောင်း၊ UPDJC က ရေးဆွဲထားသော ToR နှင့် SOP များကို တင်ပြခြင်း အတည်ပြုခြင်းများ၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ ကိစ္စများ၊ ပြည်ထောင်စု သဘောတူစာချုပ် အကောင်အထည်ဖော်ခြင်း ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.