Connect with us

Social

“ဘက်စုံ ဖွံ့ဖြိုး တိုးတက်ဖို့လူငယ် ပွဲတော် နွှဲပျော်စို့”ဆိုသည့် ဆောင်ပုဒ် နှင့် အညီ လူငယ် ဘက်စုံ ဖွံ့ဖြိုးရေး ပွဲတော် ကျင်းပမည်

လူငယ် ဘက်စုံ ဖွံ့ ဖြိုးရေး ပွဲတော် ကျင်းပမည့် ရန်ကုန် တက္ကသိုလ်ရှေ့ မုဒ်ဦးအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ)

“ဘက်စုံ ဖွံ့ဖြိုး တိုးတက်ဖို့လူငယ် ပွဲတော် နွှဲပျော်စို့”ဆိုသည့် ဆောင်ပုဒ် နှင့် အညီ လူငယ် ဘက်စုံ ဖွံ့ဖြိုးရေး ပွဲတော်ကို နိုင်ငံတော်မှ ကြီးမှူး၍ ဒီဇင်ဘာ ၁ ရက်မှ ၃ ရက် အထိ ရန်ကုန် တက္ကသိုလ် ပရဝဏ်၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

လူငယ် ဘက်စုံ ဖွံ့ဖြိုးရေး ပွဲတော်တွင် စာပေ ဆိုင်ရာ လှုပ်ရှားမှုများ ၊ အနုပညာ ဆိုင်ရာလှုပ်ရှား မှုများ၊ အားကစား ဆိုင်ရာ လှုပ်ရှားမှုများ၊ IT နှင့် သိပ္ပံ နည်းပညာ ဆိုင်ရာ လှုပ်ရှားမှုများ ပါဝင်မည် ဖြစ်သကဲ့သို့ စာအုပ် ဈေးရောင်းပွဲများ၊ လူငယ်ဆိုင်ရာ အသိပညာပေး အစီအစဉ်များ၊ ဆွေးနွေးပွဲများ၊ အဆို၊ အက၊ အတီးများနှင့် ဖျော်ဖြေမှုများစသည့် လှုပ်ရှားမှုများစွာကို ကဏ္ဍအလိုက် ထည့်သွင်း ဆောင်ရွက်ထား ရှိကြောင်း သိရသည်။

ထိုပွဲတော်ကို လူငယ်အချင်းချင်း အသိပညာ၊ အတတ်ပညာဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများ အပါအဝင် ဗလငါးတန် မြှင့်တင် ပေးနိုင် ရေးနှင့် မျှဝေပေးနိုင်ရန်၊ အနာဂတ်မြန်မာ့ လူ့ဘောင်အဖွဲ့အစည်းကို လူငယ်များ၏ အတွေးအမြင်ကောင်းများ၊ အရည်အသွေးကောင်းများဖြင့် အကောင်အထည်ဖော် တည်ဆောက်နိုင်ရန် ဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။

ပွဲတော်တွင် အားကစား လှုပ်ရှားမှုများ အဖြစ် လွန်ဆွဲ(ကျား/မ)ပြိုင်ပွဲ ၊ ထုတ်ဆီးတိုး(မ)ပြိုင်ပွဲ ၊ ခေါင်းအုံးရိုက်(ကျား/မ)ပြိုင်ပွဲ ၊ ကြံ့ခိုင် စွမ်းရည်(လက်ထောက် တွန်းတင် ၊ အိပ်ထမတင် ၊ ရပ်လျက် အလျားခုန်)(ကျား/မ)ပြိုင်ပွဲ ၊ ဂုန်နီအိတ်စွပ်(ကျား/မ)ပြိုင်ပွဲ ၊ သုံးချောင်းထောက်(ကျား/မ)ပြိုင်ပွဲ နှင့် ဘတ်စကတ်ဘော ဂိုးသွင်း(ကျား/မ)ပြိုင်ပွဲများကို ရန်ကုန် တက္ကသိုလ် ပရဝဏ် အတွင်း ပဲခူးဆောင် နှင့် စစ်ကိုင်းဆောင်ရှေ့ရှိ ဘောလုံးကွင်းများတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ လူငယ်များ အားကစားကို ပိုမို စိတ်ပါ ဝင်စားလာစေရန် အားကစား သရုပ်ပြပွဲများ အဖြစ် ဝူရှူး ၊ သိုင်း ၊ ကရာတေးဒို ၊ ကျွမ်းဘား နှင့် ခြင်းလုံး(ဝိုင်းဖွဲ့၊ စွမ်းရည်ပြ)သရုပ်ပြပွဲများကိုလည်း ပြိုင်ပွဲ ကျင်းပနေစဉ် ကာလ အတွင်း စုပေါင်း သရုပ်ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.