Connect with us

Social

ညောင်ချောင်းသာကမ်းခြေ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိ

ညောင်ချောင်းသာကမ်းခြေတွင် အပန်းဖြေနေကြာသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ဧရာဝတီ တိုင်းဒေသကြီး ညောင်တုန်း မြို့နယ်ရှိ ညောင်ချောင်းသာကမ်းခြေကို ဒီဇင်ဘာနောက်ဆုံးပတ်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း၊ ကမ်းခြေဖွင့်လှစ်သည့်အချိန်တွင် လာ‌ရောက်‌ အပန်‌း‌ဖြေ သူများအတွက် လုံခြုံ‌ရေး တာဝန်‌ယူ‌ဆောင်‌ရွက်‌‌ပေး မည်‌ဖြစ်‌‌ကြောင်‌း သိရသည်။

ညောင်‌‌ချောင်‌းသာကမ်‌းခြေကို ခရစ္စ‌မတ်‌ ကာလအမီဖွင်‌့လှစ်‌နိုင်‌ရန်‌ဆောင်‌ရွက်‌ လျက်‌ရှိပြီး ယခုနှစ်‌တွင်‌ မော်တော်ယာဉ်‌ ဝင်‌‌ကြေးကို ပြန်‌လည်‌စိစစ်‌မည်‌ဖြစ်‌‌ ကြောင်‌း၊ ‌ယင်းကမ်‌း‌ခြေသို့ ပြီးခဲ့ သည်‌့နှစ်‌ က တစ်‌ရက်‌လျှင်‌ လာ‌ရောက်‌အပန်‌း‌ဖြေသူဦးရေ ၁၅ဝ ခန်‌့ရှိပြီး သြင်္ကန်‌ရက်‌များတွင်‌ တစ်‌ရက်‌လျှင်‌ အပန်‌း‌ဖြေသူဦးရေ ကိုးသောင်း မှ တစ်သိန်း ကြား လာ‌ရောက်‌‌ကြောင်‌း သိရသည်။

ကမ်‌း‌ခြေ၌ စား‌သောက်‌ဆိုင်‌နှင့် ‌ဒေသ ထွက်‌ကုန်‌‌ရောင်‌းချမည်‌့ ဆိုင်‌ခန်‌းများ ထားရှိမည်‌ဖြစ်ကြောင်း ၊ညောင်‌‌ချောင်‌းသာ ကမ်‌း‌ခြေသည်‌ ‌ညောင်‌တုန်‌းမြို့နယ်‌ ရန်‌ကင်‌း စံရာ‌ကျေးရွာ အနီး ၌တည်‌ရှိကာ ‌ပေ ၁၅ဝဝ ခန်‌့ရှည်‌လျား‌သော ဧရာဝတီမြစ်‌ကမ်‌း သဘာဝ သဲ‌သောင်‌ပြင်‌‌ ပေါ် ၌ ဖွင်‌့လှစ်‌ ထားခြင်းဖြစ်ပြီး ရန်‌ကုန်‌မြို့မှ ၃၄ မိုင်‌အကွာတွင်‌ရှိ‌ကြောင်‌း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.