ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်များနှင့် ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တူရကီသမ္မတ တေယစ် အာဒိုဂန် စက်တင်ဘာ ၅ ရက်နေ့ မွန်းလွဲ ၂နာရီက ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) မရမ်းကုန်းမြို့နယ်ရှိ Farmer Money Changer တွင် လုယက်ရန်ကြံရွယ်၍ သေနတ်ဖြင့် ပစ်ဖောက်ထွက်ပြေးသူ ၂ ဦးနှင့် သေနတ်ယူဆောင်ရောင်းချပေးသူ ၂ ဦးတို့အား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရက် ၃၀ အတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးတွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေသော မိခင် ဖြစ်သူအား လူနာစောင့်ရန် လိုက်ပါ လာသူ အမျိုးသား တစ်ဦးသည် ယနေ့စက်တင်ဘာ ၅ ရက် နံနက်ပိုင်း အချိန်တွင် အဆောင်(၁၁-၁၂) ၊ အမြင့်(၂၅)ပေခန့်ရှိ ဒုတိယထပ် ဝရန်တာမှ ခုန်ချမှု...
ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်)မှ ယာဉ်စည်းကမ်းချိုးဖောက်သည့် အမှုများအား Online Complaint Centre သို့ Viber ဖြင့် တိုင်ကြားမှု အားလက်ခံပြီး သည့်နောက် စတင်အရေးယူသည့်နေ့၂၀၁၅ခုနှစ် သြဂုတ်လ ၁၂ရက်နေ့မှ ၂၀၁၇ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ထိ အရေးယူမှု...
ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များနှင့် ခါးပတ်မပတ်ဘဲ မောင်းနှင်သောယာဉ်များအား စစ်ဆေးအရေးယူ ခဲ့ရာ နှစ်ရက်အတွင်း ယာဉ်အစီးရေ တစ်ရာကျော်ဖမ်းဆီးနိုင်ခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရုံးမှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တပ်မတော် (လေ)မှ G-4 ဂျက်လေယာဉ်တစ်စီးသည် ယနေ့ စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ်လမ်းကြောင်းအတိုင်း ပျံသန်းလေ့ကျင့်နေစဉ် ပျောက်ဆုံးသွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ပြည်သူများ ဘေးကင်းလုံခြုံရေးနှင့် အရည်အသွေးကောင်းမွန်သော အလှကုန်ပစ္စည်း များ သုံးစွဲနိုင်ရေးအတွက် ပြည်တွင်းအလှကုန်ထုတ်လုပ်သူများအနေဖြင့် အာဆီယံ စံနှုန်းသတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ရန်လိုအပ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများကို ထိရောက်စွာဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးထံမှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမားများက ကျေးရွာများရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။