Connect with us

Politics, Law & Military

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဘရူနိုင်းဒါရူဆလမ်နိုင်ငံသို့ ထွက်ခွာ

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆာရီဘီဂါဝန်မြို့သို့ ထွက်ခွာစဉ် (ဓာတ်ပုံ- MOFA)

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ အောက်တိုဘာ ၆ ရက်နေ့ နံနက် ၈နာရီတွင် နေပြည်တော်

အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ

ဘန်ဒါဆာရီဘီဂါဝန်မြို့သို့ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ်

ဘိုကီးယား မူအစ်ဇာဒင် ဝါဒူလာ ၏ ဖိတ်ကြားချက်အရ ဘရူနိုင်းဘုရင်၏ နန်းမွေဆက်ခံသည့်

နှစ်(၅ဝ)ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်

အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ

သွားရောက်ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.