Connect with us

Politics, Law & Military

ARSA အစွန်းရောက်အကြမ်းဖက်သမားများ ဖမ်းဆီးသွားသော ဟိန္ဒူဘာသာဝင် ၁၆ဦးမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော ဟိန္ဒူဘာသာဝင်များအားတွေ့ရစဉ်(ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်မြောက်ခြမ်း၌ ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏အကြမ်းဖက်တိုက်ခိုက်မှုခံရပြီး တစ်ဖက်နိုင်ငံသို့ဖမ်းဆီးခေါ်ဆောင်သွားသောဟိန္ဒူဘာသာဝင် ၁၆ဦး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြောင်းသတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မောင်တောမြို့နယ်၊ ရဲဘော်ကျကျေးရွာမှ ARSAအစွန်းရောက်အကြမ်းဖက်သမားများက တစ်ဖက်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်သွားသည့်ဟိန္ဒူဘာသာဝင် အမျိုးသမီး ၈ ဦးနှင့် ကလေးငယ် ၈ ဦး၊ စုစုပေါင်း ဟိန္ဒူဘာသာဝင် ၁၆ဦးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင်ဒုက္ခသည်စခန်းမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်တွင် ရဲဘောက်ကျ ကျေးရွာမှ ဟိန္ဒူဘာသာဝင်များအား ဘင်္ဂါလီအကြမ်းဖက်သမားများက အဓမ္မ ဖမ်းဆီးခေါ်ဆောင်၍ ၎င်းတို့၏မျက်စိရှေ့တွင် အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခဲ့မှုကို ၎င်းတို့က ကိုယ်တိုင်မြင်တွေ့ခဲ့ရကြောင်းသိရသည်။

အဆိုပါ ပြန်လည် ရောက်ရှိလာသော ဟိန္ဒူဘာသာဝင်အမျိုးသမီးများ၏ဖွင့်ဟပြောဆိုချက်များအရ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက် နံနက် ၈ နာရီခန့်တွင်ဝတ်စုံအမဲဝတ်ဆင် ထားသည့် နိုင်ငံခြားသား အကြမ်းဖက်ခေါင်းဆောင်အပါအဝင်ခမောင်းဆိပ်ကျေးရွာ မှ ဘင်္ဂါလီအကြမ်းဖက်ခေါင်းဆောင် နိုရူလောက်(ဘ)ရှူနာများတို့ဦးဆောင်သော ခမောင်းဆိပ်ကျေးရွာမှ ဘင်္ဂါလီရွာသား ၅၀၀ ဦးခန့်သည်ရဲဘောက်ကျကျေးရွာသို့ ရောက်ရှိလာကြောင်း၊ ယင်းရွာသားများပါဝင်သည်ကိုမှတ်မိကြောင်း၊ လက်နက်ငယ်များ၊ လက်လုပ်ဗုံးများနှင့် တုတ်၊ဓားလက်နက်များကိုင်ဆောင်ထား သည့် လူအုပ်စုကြီးသည် ယခုပြန်လည်ရောက်ရှိလာသည့်မအော်နီကာ၏ နေအိမ် ဘက်ခြမ်းမှ စတင် ဝင်ရောက်လာပြီး ရွာအတွင်းရှိဟိန္ဒူဘာသာဝင်နေအိမ်များသို့ တစ်ပြိုင်တည်း ဝင်ရောက်၍ ရွှေ၊ ငွေအဖိုးတန်ပစ္စည်းများနှင့် တယ်လီဖုန်းများကို လုယူသိမ်းဆည်းခဲ့ကြောင်း သိရသည်။

အကြမ်းဖက်ဘင်္ဂါလီများက ရဲဘောက်ကျကျေးရွာမှ ဟိန္ဒူဘာသာဝင် များကိုအသက်မသေဘဲ ကျန်ရစ်သူ ဟိန္ဒူအမျိုးသမီးငယ် ၈ ဦး၏ ရှေ့တွင်ပင် အစုလိုက်အပြုံလိုက်ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး နေ့လယ် ၁၂ နာရီခန့်မှ ညနေ ၆ နာရီခန့်အထိလူစုလူဝေးဖြင့် ဝိုင်းဝန်းသတ်ဖြတ်၍ ကျင်းတူးမြှုပ်နှံခဲ့ကြောင်း လွတ်မြောက်လာသည့်ဟိန္ဒူအမျိုးသမီးတစ်ဦးက ပြောသည်။

ကူတူပါလောင်ဒုက္ခသည်စခန်းတွင် အဆိုပါ ဟိန္ဒူအမျိုးသမီးရှစ်ဦးနှင့်ကလေးများကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မွတ်ဆလင်ဘင်္ဂါလီလူမျိုးများ နှင့်အတူထားရှိပြီး အစ္စလာမ်အမျိုးသမီးဝတ်စုံ ဘူခါကို ခြုံခိုင်းကြောင်း၊ ယင်းနောက်မွန်းလွဲ ၁ နာရီခန့်တွင် နိုင်ငံခြားသား မီဒီယာများ(အင်္ဂလိပ်စကား ပြောသူများက)တွေ့ဆုံမေးမြန်းရာတွင် ၎င်းတို့သင်ကြားပေး သည့်အတိုင်း မိမိတို့၏ခင်ပွန်းများ နှင့်မိသားစုဝင်များအား စစ်တပ်နှင့် တိုင်းရင်း သားများက သတ်ဖြတ်ခဲ့ပြီးမိမိတို့အားလည်း စစ်တပ်က သတ်မည်စိုး၍ ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟုလိမ်လည်ပြောဆိုခဲ့ရကြောင်း၊ ၎င်းတို့က ခိုင်းသည့်အတိုင်း မပြောပါကမိမိတို့၏ကလေးငယ်များအား လည်လှီး၍ သတ်ပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုခြင်းကြောင့်၎င်းတို့သင်ပေးသည့်အတိုင်း ပြောဆိုခဲ့ရကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သောသတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.