Connect with us

Politics, Law & Military

ARSA အစွန်းရောက် အကြမ်းဖက်သမား နေအိမ်များ မီးရှို့ဖျက်ဆီး

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော ဟိန္ဒူဘာသာဝင်များအားတွေ့ရစဉ် (ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း အောက်တိုဘာ ၄ ရက် နံနက်

၂ နာရီ ၄၀ မိနစ်ခန့်တွင် မိကျောင်းဈေးကျေးရွာ၌ ARSA အစွန်းရောက် အကြမ်းဖက်သမားက လူနေအိမ်

၇ လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက

ထုတ်ပြန်သော သတင်းအရ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ တရားဥပဒေစိုးမိုးရေးလုပ်ငန်း များ

ဆောင်ရွက်နေစဉ် မီးလောင်မှုဖြစ်ပွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေ

ရွာသူ၊ ရွာသားများက ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် နံနက် ၄ နာရီခန့်တွင်

မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် လူနေအိမ် ၇ လုံး (ခန့်မှန်းတန်ဖိုးငွေကျပ်

၃၅၀၀၀၀ ခန့်) မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍

စစ်ဆေးမေးမြန်းချက်များအရ မီးရှို့သူမှာ ကျေးရွာနေ အီနု(ဘ) ဦးမာမတ်ဆွေရိန် ဖြစ်ပြီး

၎င်းမှာ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ဝင်တစ်ဦးဖြစ်ကာ ဘင်္ဂါလီများအား

တစ်ဖက်နိုင်ငံသို့ ထွက်ပြေးရန် လိုက်လံစည်းရုံးလှုံ့ဆော်သူဖြစ်ကြောင်းနှင့်

ယခုအခါတစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.