Connect with us

Politics, Law & Military

တီးတိန်မြို့နယ်၌ အမှတ်(၈)မီးရှို့စနက်တံ အချောင်း (၁၀,၀၀၀) ဖမ်းဆီးရမိ

ဖမ်းဆီးရမိသည့် မီးရှို့စနက်တံများအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

တီးတိန်မြို့နယ်၌ အမှတ်(၈)မီးရှို့စနက်တံ အချောင်း (၁၀,၀၀၀) ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊အောက်တိုဘာလ ၄ ရက်နေ့ ၂၁း၃၀ အချိန် ခိုင်ကမ်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ခမရ(၂၆၉)မှ တပ်မတော်သားများ ခိုင်ကမ်းမြို့အုပ်ချုပ်ရေးအဖွဲ့ဝင်များပါ ပူးပေါင်း အဖွဲ့သည် သတင်းအရ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့၊ စုပေါင်းစစ်ဆေးရေးဂိတ်၌ တီးတိန်ဘက်မှ ကလေးမြို့ဘက် သို့ လားလွန်းစန်းအာ၊ (၂၅)နှစ်၊ ချင်း/ခရစ်ယာန်၊ ယာဉ်မောင်း၊ (ဘ) ဦးလား ရွန်ထန်း၊ တာဟန်းရပ်ကွက်၊ ကလေးမြို့နေသူ မောင်းနှင်ပြီး ယာဉ်ပေါ်ပါ ခရီးသည် မကျိန်ဆမ်းဒိမ့်၊ (၂၁)နှစ်၊ ချင်း/ခရစ်ယာန်၊ ဈေးရောင်း၊ (ဘ)ဦးဝုန်ဂိုထန်၊ (၂)ရပ်ကွက်၊ ရိဒ်ခေါဒါမြို့ နေသူပါ (၂)ဦး(ကျား ၁၊မ ၁)တို့ လိုက်ပါစီးနင်း သည့် 8L/×××× ဟိုင်မွှာလ်ဂျစ်ယာဉ်အား စစ်ဆေးရာ သစ်တောထွက်ပစ္စည်းများဖြစ်သော တောင်လုံးကျော်များထည့်ထားသည့် မြွေရေခွံအိတ်(၁၂)အိတ်၊ အိန္ဒိယနိုင်ငံလုပ် စက္ကူဂျပ်ဖာအတွင်းမှ အိန္ဒိယ နိုင်ငံထုတ် SOD Special Ordinary Detonator No.8 Strength, DANGER EXPLOSIVE စာတမ်းပါ အလျား(၁.၆)လက်ရှိ အမှတ်(၈) မီးရှို့စနက်တံ(၁၀,၀၀၀)ချောင်းအား တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး စစ်မေးရာ ဦးလွယ်သဲ(ခ)သောနေလွယ်၊ (၄၆)နှစ်၊ ချင်း/ခရစ်ယာန်၊ ရောင်း/ဝယ်၊ (ဘ)ဦးဟရန်ကိုင်၊ တာဟန်းရပ်ကွက်နေသူက ရိဒ်မြို့ (အောက်ချောင်း)ပြည့်အားမာန်ကားဂိတ်၌ တင်ဆောင်ခ စက္ကူဖာ(၁)ဖာအတွက် (၅၀,၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ သစ်တောထွက်ပစ္စည်းအိတ်(၁၂)လုံး အတွက် (၆၀,၀၀၀)ကျပ်ဖြင့် လည်းကောင်း သဘောတူခဲ့ကာ သစ်တောထွက်ပစ္စည်းများမှာ တာဟန်းရပ်ကွက် ကလေးမြို့နေ ယာဉ်ပိုင်ရှင် ဦးစန်းလွင်၏ နေအိမ်တွင် ချထားပေးရမည်ဖြစ်ပြီး စနက်တံများပါ စက္ကူ ဖာအား နေအိမ်မမှတ်မိ တာဟန်းရပ်ကွက်၊ ကလေးမြို့နေအိမ်သို့ ပို့ပေးရမည်ဖြစ်ကာ နေအိမ်ရှေ့ ရောက်ရှိပါက ၎င်း၏ဇနီးမှ လက်ခံမည်ဖြစ်သည်ကို မှာကြားလိုက်ကြောင်းသိရှိသဖြင့် ၂၁၀၀ အချိန် ပူးပေါင်းအဖွဲ့သည် ဦးလွယ်သဲ (ခ)သောနေလွယ်၏ နေအိမ်အား ဆက်လက်ရှာဖွေရာ ဦးလွယ်သဲ (ခ)သောနေလွယ်၏ဇနီး မအေးအေးမြင့်၊ (၄၂)နှစ်၊ ချင်း/ ခရစ်ယာန်၊ မှီခို (ဖ)ဦးလျံဌီလိုအား တွေ့ရှိပြီး နေအိမ် အားဆက်လက်ရှာဖွေရာ ထူးခြားမှုမရှိခဲ့ပေ။ထို့နောက် ဆက်လက်စစ်မေးရာ ၎င်းခင်ပွန်းသည် လွန်ခဲ့သော (၂)ပတ်ခန့်က ရိဒ်မြို့သို့ သွားရောက်၍ အိန္ဒိယနိုင်ငံထုတ် လူသုံးကုန်ပစ္စည်းများ ဝယ်ယူရန်သွားကြောင်း၊ ၎င်းတို့မိသားစုမှာ ကလေးမြို့မှ တရုတ်နိုင်ငံထုတ် အဝတ်အထည်များအား ရိဒ်မြို့မှ တစ်ဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့သို့ ပို့ဆောင်ရောင်းဝယ်ကြောင်း၊ ယခုဖမ်းဆီးရမိသည့် ပစ္စည်းများနှင့် ပတ်သက်၍ ၎င်းမှ မသိရှိကြောင်း ထွက်ဆိုခဲ့ပြီး အောက်တိုဘာလ ၅ ရက်နေ့ ၀၁၃၀ အချိန် လားလွန်းစန်းအာ၊မအေးအေးမြင့်တို့(၂)ဦး(ဖမ်းမိ)နှင့် ဦးလွယ်သဲ(ခ)သောနေလွယ်(ဖမ်းမမိ)တို့အား ခိုင်ကမ်းနယ်မြေရဲစခန်း(ပ)၂၄/၂၀၁၇၊ ပေါက်ကွဲအက်ပုဒ်မ ၅ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.