Connect with us

Politics, Law & Military

ဘူးသီးတောင်မြို့နယ်အတွင်းမှ ဘင်္ဂါလီ ၁၇၀၁၃ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာရန် နယ်စပ်အနီးရောက်ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာရန် နယ်စပ်အနီးသို့ ရောက်ရှိရာပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဘင်္ဂါလီ ၁၇၀၁၃ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့

ထွက်ခွာရန် နယ်စပ်အနီးရောက်ရှိနေကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်သော

သတင်းအရ သိရသည်။

အဆိုပါ နေထိုင်ရာ ကျေးရွာများသို့ စွန့်ခွာလာသော ဘင်္ဂါလီများသည်

စားဝတ်နေရေး နှင့် ကျန်းမာရေး အခက်အခဲကြောင့် လည်းကောင်း၊ လုံခြုံရေးအခြေအနေအရ

ကျေးရွာတွင် လုံခြုံမှုမရှိဟု ယူဆ၍ လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့

ရောက်ရှိနေသည့် ဘင်္ဂါလီများကထွက်ခွာလာရန် ဆက်သွယ် ပြောဆိုခြင်းများကြောင့်

လည်းကောင်း၊ ၎င်းတို့အုပ်စုသည် လူနည်းစုဖြစ်မည်ကို စိုးရိမ်သဖြင့် တစ်ဖက် နိုင်ငံရှိ

၎င်းတို့ မျိုးနွယ်စုများထံသွားရောက်လိုခြင်းကြောင့်လည်းကောင်း မိမိနေထိုင်သည့် ကျေးရွာများမှ

တစ်ဖက်နိုင်ငံသို့ သွားရောက်ရန် စက်တင်ဘာ ၂၆ ရက်မှစတင်၍ မိမိတို့ နေရပ်များမှ

ထွက်ခွာခဲ့ကြပြီး နှစ်နိုင်ငံနယ်စပ် အနီးသို့ စုပြုံရောက်ရှိလျက်ရှိကြောင်း

သိရသည်။

မောင်တောခရိုင်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ

ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးအဖွဲ့များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည်

ဘူးသီးတောင်မြို့နယ်အတွင်းမှ တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်မည့် ဘင်္ဂါလီများ

ထပ်မံစုဝေး ရောက်ရှိနေကြောင်း သိရှိရသဖြင့် သွားရောက် ကြည့်ရှုခဲ့ရာ အောက်တိုဘာ ၃

ရက်နေ့ မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ် လေယာဉ်ပျံကွင်းကျေးရွာကမ်းစပ်အနီးတွင်

ကာဒီကျေးရွာ၊ ဘုရားပြင်အောင်ပကျေးရွာ နှင့် သိမ်တောင်ပြင်ကျေးရွာတို့မှ ဘင်္ဂါလီ

(၇၃၀) ဦးကို လည်းကောင်း၊ ငါးရံ့ချောင်းကျေးရွာ အနီးတွင် နန်းရာကုန်းအုပ်စု၊

ကွန်ဒိုင်အုပ်စု၊ သပြုချောင်းအုပ်စု၊ ဒါးပိုင်ဆရာအုပ်စု၊ စံညှင်းဝေအုပ်စု နှင့်

ရွက်ညိုတောင်အုပ်စုတို့မှ ဘင်္ဂါလီ (၃၈၂) ဦးကို လည်းကောင်း တွေ့ရှိခဲ့သည်။

အလားတူ အောက်တိုဘာ ၄ ရက်နေ့တွင်လည်း သတင်းအရ သွားရောက်ကြည့်ရှုခဲ့ရာ

ဂေါ်ဒူသာရ ချောင်းဝအနီးတွင် ဂူတာပြင်ကျေးရွာ၊ ဖုံညိုလိပ်ကျေးရွာ နှင့် သပိတ်တောင်

(တောင်) ကျေးရွာ တို့မှ ဘင်္ဂါလီ စုစုပေါင်း (၁၄၄၃) ဦး တို့ကို တွေ့ရှိခဲ့သည်။

စက်တင်ဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာ ၄ရက်နေ့အထိ တစ်ဖက်နိုင်ငံသို့

သွားရောက်ရန်အတွက် မိမိတို့၏ နေရပ် အသီးသီးကို စွန့်ခွာ၍ နယ်စပ်အနီးသို့

ဘင်္ဂါလီများ ရောက်ရှိစုဝေးခဲ့မှု အခြေအနေများမှာ စက်တင်ဘာ ၂၆ ရက်နေ့တွင် ရွာသစ်ကေကျေးရွာအနီး၌

(၁၆၈) ဦး၊ စက်တင်ဘာ ၂၇ ရက်နေ့တွင် လေယာဉ်ပျံကွင်း ကျေးရွာအနီး ကမ်းစပ်၌ (၇၇၁)

ဦး၊ စက်တင်ဘာ ၂၈ ရက်နေ့တွင် လေယာဉ်ပျံကွင်း ကျေးရွာအနီး ကမ်းစပ်၌ (၈၉၅) ဦး၊

စက်တင်ဘာ ၂၉ ရက်နေ့တွင် ပညောင်ပင်ကြီးကျေးရွာ နှင့် နယ်စပ် ခြံစည်းရိုးကြား၌ (၅၃၀)

ဦး၊ အောက်တိုဘာ ၃ ရက်နေ့တွင် ဂေါ်ဒူသာရ ချောင်းဝအနီး၌ (၁၂၀၉၄) ဦး၊ လေယာဉ်ပျံကွင်း

ကျေးရွာကမ်းစပ်၌ (၇၃၀) ဦး နှင့် ငါးရံ့ချောင်းကျေးရွာအနီး၌ (၃၈၂) ဦး၊ အောက်တိုဘာ

၄ ရက်နေ့တွင် ပညောင်ပင်ကြီးကျေးရွာ နှင့် ရွာသစ်ကေကျေးရွာကြား၌ (၁၄၄၃) ဦး၊

စုစုပေါင်း ဘင်္ဂါလီဦးရေ (၁၇၀၁၃) ဦး ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.