Connect with us

Environment, Disasters & Accidents

ရန်ကုန်-နေပြည်တော်အမြန်လမ်း၌ ကျိုက်ထီးရိုးဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်၍ ၇ဦး ဒဏ်ရာရရှိ

ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

ရန်ကုန်-နေပြည်တော်အမြန်လမ်း မိုင်တိုင်အမှတ် ၁၆/၁-၀ တွင် ယနေ့

အောက်တိုဘာ ၅ ရက်နေ့ နံနက် ၈နာရီ ၄၅မိနစ်တွင် ကျိုက်ထီးရိုးဘုရားဖူးယာဉ်တစ်စီး အရှိန်လွန်

တိမ်းမှောက်၍ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ကျိုက်ထီးရိုးဘုရားဖူးယာဉ်ပါ ၂၇ဦးအနက်

အမျိုးသားနှစ်ဦး(ဒဏ်ရာပြင်းထန်)၊ အမျိုးသမီး ၅ဦး (မစိုးရိမ်ရ)ရရှိသဖြင့်

လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကျန်(၂၀)ဦးသည်လည်း

ပွန်းပဲ့ဒဏ်ရာ အနည်းငယ်ရရှိထားကြောင်း သိရသည်။

ရန်ကုန်မှနေပြည်တော်ဘက်သို့ မောင်းနှင်လာသော Hyundai အမျိုးအစား

mini-bus ကျိုက်ထီးရိုးဘုရားဖူးယာဉ်တစ်စီးသည် အရှိန်လွန်ကာ လမ်းဘေးကာထားသော

အလူမီနီယမ်တန်းများကို တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားသဖြင့် (၁၁) မိုင်

အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ

ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.