Connect with us

Politics, Law & Military

ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆန္ဒနယ်အတွင်း ကြိုတင် ဆန္ဒမဲ ပေးခြင်းများ သွားရောက် လေ့လာ နိုင်ကြောင်း ကော်မရှင်မှ အသိပေး

၂၀၁၇ခုနှစ် အတွင်း ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူတစ်ဦး မဲပေးနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အတွင်း ကြိုတင်ဆန္ဒမဲပေးခြင်းကို သွားရောက် လေ့လာ နိုင်ကြောင်း အသိပေး ကြေညာခဲ့သည်။

ကြိုတင်ဆန္ဒမဲပေးခြင်းကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများတွင် နိုင်ငံရေးပါတီ များမှ ကိုယ်စားလှယ်များ ၊ လွှတ်တော် ကိုယ်စား လှယ်လောင်းများ၊ ပြည်တွင်း/ ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ နှင့် မီဒီယာများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် သွားရောက်လေ့လာနိုင်ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အတွင်းရှိနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မဲရုံသို့ ကိုယ်တိုင် လာရောက် ဆန္ဒမဲ မပေးနိုင်သူ များသည် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင် ၁-၁၁-၂ဝ၁၈ ရက်နှင့် ၂-၁၁-၂ဝ၁၈ ရက်များတွင် ကြိုတင် ဆန္ဒမဲ ပေးကြမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ခရီးအလှမ်းဝေးကွာသော ဒေသများရှိ မဲဆန္ဒနယ်အတွင်း ဆေးရုံ တက်ရောက် နေရသူများ ၊ အချုပ်ခံ နေရ သူများနှင့် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မိမိအမည်စာရင်းပါရှိသော မဲဆန္ဒနယ်မှ ကျော်လွန်၍ နိုင်ငံတော် တာဝန်များဖြင့် ခရီးဝေး သွားလာရန် ရှိသော ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ် အဆင့် အဖွဲ့ အစည်း ဝင်များ ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များ ၊ ရွေးကောက်ပွဲ တာဝန် ထမ်းဆောင်ရန် အတွက် ကြိုတင်ဆန္ဒမဲပေးရန် အမှန် တကယ် လိုအပ်သူများ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများတွင် ၂၄-၁ဝ-၂ဝ၁၈ ရက် မှ ၂-၁၁-၂ဝ၁၈ ရက်အထိ ကြိုတင်ဆန္ဒမဲပေးကြမည် ဖြစ်ကြောင်း သိရသည်။(Xinhua)