Connect with us

Politics, Law & Military

ချင်းပြည်နယ်အတွင်း မှတ်ပုံတင်မဲ့ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူမည်

မော်တော်ဆိုင်ကယ်များအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

ချင်းပြည်နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အတွက် မှတ်ပုံတင်မဲ့ယာဉ်များ နှင့် မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား ဇူလိုင် ၂ ရက်နေ့မှ စ၍ တည်ဆဲ ဥပဒေများနှင့်အညီ ထိရောက်စွာ ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း ချင်းပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီက အသိပေးကြေညာချက်ထုတ်ပြန်သည်။

ကြေညာချက်တွင် ဇွန် ၁၁ ရက်နေ့မှ ဇူလိုင် ၁ ရက်နေ့ နောက်ဆုံးထား၍ မိမိတို့ လက်ဝယ်တွင် ထားရှိသော မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား သက်ဆိုင်ရာမြို့နယ်အလိုက် ဖွဲ့စည်းထား သည့် မြို့နယ်အဆင့် ဒေသအတွင်း လိုင်စင်စိစစ်အရေးယူ ဆောင်ရွက်ရေးအဖွဲ့ (မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး)တွင် ဒဏ်ကြေးငွေများ ပေးသွင်းပြီး ဒေသယာဉ်လိုင်စင်ရရှိရေး ဆက်လက် ဆောင်ရွက်ထားကြရန်၊ အလားတူ ဇွန် ၁၁ ရက်နေ့မှ ဇူလိုင် ၁ ရက်နေ့အထိ မှတ်ပုံတင်မဲ့ယာဉ်များ လက်ဝယ်ထားရှိပါက သက်ဆိုင်ရာ မြို့နယ်အလိုက် ဖွဲ့စည်းထားသည့် ဖမ်းဆီးအရေးယူရေးအဖွဲ့ (မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး)ထံသို့ မပျက်မကွက် သွားရောက်အပ်နှံကြရန်၊ လာရောက်အပ်နှံခြင်း မရှိပါက မှတ်ပုံတင်မဲ့ ယာဉ်လက်ဝယ်ထားရှိသူများအား တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.