Connect with us

Politics, Law & Military

ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတိုးမြင့်စေရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ မေလ ၂၉ ရက် (ဆင်ဟွာ)

အခွန်ထမ်းပြည်သူများ အနေဖြင့် မည်သည့် ဘဏ်မှမဆို အွန်လိုင်း မှ အခွန်ပေးဆောင်ခြင်းအား ဆောင်ရွက်နိုင်မည့် အစီအစဉ်ကို ဗဟိုဘဏ်က စတင် ဆောင်ရွက်လျက်၇ှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းကရှင်းလင်း ပြောကြားခဲ့သည်။

“အခွန်ထမ်းများအနေဖြင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှ စပြီး မည်သည့်ဘဏ်မှမဆို မြန်မာ့ စီးပွား ရေးဘဏ်၊ ဘဏ်ခွဲများရှိ ပြည်တွင်း အခွန်များ ဦးစီးဌာန စာရင်းသို့ CBN _ NET System Customer Credit Transfer Function ကို အသုံးပြုပြီး Online မှ အခွန်ပေးဆောင်နိုင်မယ့် အစီအစဉ်ကို စတင် ဆောင်ရွက်လျက် ရှိပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ငွေပေးချေမှုနှင့် စာရင်း ရှင်းလင်းမှုများ ဖွံ့ဖြိုး တိုးတက်စေရေး (Development of Payments and Settlement System)၏ အစီအစဉ်သစ် တစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ပြည်တွင်း အခွန်များ ဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ လျင်မြန် ထိရောက်ပြီး Retail Payment System ဖြစ်ရေးအတွက် MPU switch ကို Upgrade ပြုလုပ်ကာ EMV card Migration ဆေင်ရွက်နိုင်ရေးနှင့် International Standard QR Code အသုံးပြုမှုစနစ် အကောင်အထည်ဖော်ရေးအတွက် မူဝါဒချမှတ်နိုင်ရေးကို ဆောင်ရွက်လျက် ရှိကြောင်း၊ ထိရောက်တည်ငြိမ် လုံခြုံမှုရှိသော ငွေပေးချေမှု စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် World Bank loan Project (2017 – 2021) အောက်တွင် Payment System Oversight အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် Payment Expert များ၏ နည်းပညာ အကူအညီ ရယူဆောင်ရွက်ရန် စီစဉ်လျက် ရှိပါကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။

ထို့အပြင် ၎င်းက “မကြာမီ ကာလမှာ တွက်ချက်မှု နည်းလမ်း အသစ်ဖြင့် ရည်ညွှန်း နိုင်ငံခြားငွေ လဲလှယ်နှုန်း (Daily Reference Exchange Rate) တွေ ထုတ်ပြန်သွားနိုင်ဖို့ ရှိပါတယ်” ဟု ပြောခဲ့သည်။ရည်ညွှန်း နိုင်ငံခြားငွေ လဲလှယ်နှုန်း အား သတ်မှတ်ရာတွင် နိုင်ငံခြားငွေ ဈေးပြိုင်လေလံ (Foreign Exchange Auction) အပေါ် အခြေခံ၍ ယခင်နှစ်က သတ်မှတ်ခဲ့ကြောင်း၊ ထိုသို့ သတ်မှတ်ခဲ့ခြင်းမှ ဈေးကွက် ငွေလဲလှယ်နှုန်းကို ပိုမို ထင်ဟပ်စေမည့် ဘဏ်အချင်းချင်း နိုင်ငံခြားငွေ ရောင်းဝယ်မှု ဈေးကွက် (Interbank FX Market) ကို အခြေခံ တွက်ချက်သည့် (Weighted Average Rate) သို့ ပြောင်းလဲ သတ်မှတ်ရန် IMF ကျွမ်းကျင်သူများ၏ အကူအညီဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိရာ အပြီးသတ် အဆင့်သို့ ရောက်ရှိပြီဖြစ်ကြောင်း၊ အထက်အဖွဲ့အစည်းများ၏ အတည်ပြုချက် ရရှိပါက နည်းလမ်းအသစ်ဖြင့် တွက်ချက်ထားသော ရည်ညွှန်း နိုင်ငံခြားငွေ လဲလှယ်နှုန်း (Daily Reference Exchange Rate) များကို ထုတ်ပြန်သွားနိုင်ဖွယ် ၇ှိကြောင်း ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌက ရှင်းပြခဲ့သည်။

ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ တိုးမြင့်စေရေးအတွက် ပုဂ္ဂလိကဘဏ်များအား ဘဏ်ခွဲများ တိုးချဲ့ ဖွင့်လှစ်ခွင့်ပြုခဲ့ရာ ၂၀၁၆ မတ်လ အကုန်တွင် ဘဏ်ခွဲ ၁၂၄၇ ခု ရရှိခဲ့ရာမှ ပုဂ္ဂလိကဘဏ် ၂၄ ခုတို့က နိုင်ငံတစ်ဝန်းတွင် ဘဏ်ခွဲပေါင်း ၃၀၆ ထပ်မံ တိုးချဲ့ ဖွင့်လှစ်ခဲ့သဖြင့် လက်ရှိအချိန်တွင်ဘဏ်ခွဲပေါင်း ၁၆၅၃ ခုတို့ကို ဖွင့်လှစ်ခွင့် ပြုထားပြီးဖြစ်ကြောင်း၊ ထို့အပြင် ချေးငွေ လိုအပ်သော ပြည်သူများ အဆင်ပြေစေရန် ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများ(NBFIs_Non-bank Financial Institutions) ကိုလည်း တည်ထောင်ခွင့်ပြုခဲ့ရာ ၂၀၁၆ မတ်လအကုန်တွင် NBFI ၁၃ ခု ၇ှိခဲ့ရာမှ ယခုအခါ ၂၅ ခု တည်ထောင်ခွင့်ပြုပြီးဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.