Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၃၅၆ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၇,၁၂၀ ပြား ဖမ်းဆီးရမိ

-ဖမ်းဆီးရမိသူအား စိတ်ကြွရူးသွပ်ဆေးပြားများ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC)

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၃၅၆ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၇,၁၂၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC)  က ယနေ့သတင်းထုတ်ပြန်သည်။ 

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၃၀ ရက် ၁၀:၃၀ နာရီ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကောလင်းမြို့နယ်၊ ဆင်ကုန်းကျေးရွာအုပ်စု၊ ကညွတ်အင်းကျေးရွာအနီး ထီးချိုင့်-ကျောက်တန်းလမ်းဆုံသွားကားလမ်းပေါ်တွင် ထီးချိုင့်မြို့ဘက်မှ ကျောက်တန်း လမ်းဆုံဘက်သို့ မန်တုံမြို့နယ်၊ လွယ်ကန်ကျေးရွာနေ ကို– ၂၇ နှစ်စီးနင်းမောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တွင်သိုဝှက်သယ်ဆောင်လာသော ပလပ်စတစ်ကပ်ခွာအိတ်များ ဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၇,၁၂ဝ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၃၅၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကောလင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.