Politics, Law & Military
စားသုံးဆီများအပေါ် ကောက်ခံသော အခွန်နှုန်းထားများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
စားအုန်းဆီ၊ နေကြာဆီ၊ ပြောင်းဖူးဆီ၊ ပဲပုပ်ဆီ များအပေါ် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ (မူကြမ်း) တွင် ထည့်သွင်းကောက်ခံသင့်သည့် အခွန်နှုန်းထားများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။
ကုန်သည်စက်မှုအသင်းချုပ်၏ ဦးဆောင်မှုှနှင့် စီးပွားကူးသန်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း တို့မှ တာဝန်ရှိသူများ အသင်းချုပ် အဆောက်အဦတွင် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ ပြည်တွင်း ထုတ်လုပ်နေသည့် မြေပဲဆီ၊ နှမ်းဆီ လုပ်ငန်းများ နှင့် ဆီစက်များ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး နဲ့ ပြည်တွင်း ဆီထွက်သီးနှံ စိုက်ပျိုးမှုတိုးတက်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအား ပုဂ္ဂလိကကဏ္ဍအနေနှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)