Connect with us

Politics, Law & Military

စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် စုပေါင်းအင်အားဖြင့် ဆောင်ရွက်ဖို့လို

အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့  အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

နိုင်ငံတော် ငြိမ်းချမ်းသာယာရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေ မည့် စီးပွားရေးဝန်းကျင်ကောင်း ဖြစ်လာရေးမှာ စိန်ခေါ်မှုများစွာ ရှိနေပြီး ထို စိန်ခေါ်မှုများကို ကျော်လွှား နိုင်ရန် စုပေါင်းအင်အားဖြင့် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့ ပြောကြားခဲ့သည်။

“စတုတ္ထအဆင့် စက်မှုတော်လှန်ရေးလို့ တင်စားထားတဲ့ အဆင့်မြင့် နည်းပညာများ၊ အွန်လိုင်းစနစ် များကို ပြောင်းလဲကျင့်သုံးနေတဲ့ နိုင်ငံတွေနဲ့ အပြိုင် ကမ္ဘာ့ တန်ဖိုးမြင့် ထုတ်လုပ်မှု ကွင်းဆက်ထဲကို နောက်ကျမှ ဝင်ရောက်ရတဲ့ကျွန်တော်တို့ နိုင်ငံအတွက် စိန်ခေါ်မှုများစွာ ရှိပါတယ်၊ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ နိုင်င့တော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အမိန့်ရှိသလို စုပေါင်း အင်အားဖြင့် ဆောင်ရွက်ဖို့ လိုပါတယ်” ဟု နေပြည်တော် သင်္ဂဟဟိုတယ်တွင် ယနေ့ကျင်းပသော အလုပ်အကိုင် အခွင့်အလမ်း၊ အနည်းဆုံး လုပ်ခ ကြေးငွေနှင့် လုပ်သားဈေးကွက် ပြုပြင် ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

IDRC, Canada အဖွဲ့မှ Dr. Edgard Rodriguez အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

မြန်မာ့ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့(CESD)မှ ဦးဇော်ဦး ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

အမှတ်တရဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

“မြန်မာလုပ်သား ဈေးကွက်ဟာ တခြားနိုင်ငံက လုပ်သားဈေးကွက်နဲ့ ပြိုင်ပြီး ဆောင်ရွက်နေရတာ ဖြစ်ပါတယ်၊ အားလုံးသိတဲ့ အတိုင်း မြန်မာ့နိုင်ငံမှာ ရှိတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ရရှိအောင် ဖြေလျှော့မှုတွေ ဆောင်ရွက်တဲ့အခါမှာ ဝင်ရောက်လာဖို့ အလားအလာ တွေလည်း ရှိနေတာကြောင့် ကျွမ်းကျင် လုပ်သားတွေလိုအပ်နေပါတယ်၊ အလားတူပဲ အိမ်နီးနားချင်း နိုင်ငံတွေမှာ လိုအပ်နေတဲ့ လုပ်သားတွေကို မြန်မာ နိုင်ငံက သွားရောက် ဆောင်ရွက်တဲ့အခါမှာ တခြား နိုင်ငံက လုပ်သားတွေနဲ့ ယှဉ်ပြိုင် ဆောင်ရွက်ရတာ ဖြစ်လို့ စိန်ခေါ်မှုတွေ ရှိနေပါတယ်၊ ဒါ့အပြင် လုပ်သားတွေရဲ့ ကျွမ်းကျင်မှု စွမ်းရည်တွေ၊ လုပ်ငန်းခွင်မှာ မှန်ကန်တဲ့ နည်းစနစ်တွေနဲ့ ဆောင်ရွက်နိုင်မှုတွေအတွက် အားလုံးကို ဝိုင်းဝန်းပြီး ကြပ်မတ် ထိန်းသိမ်းနေရတဲ့ အခြေအနေဖြစ် ပါတယ်” ဟုလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

လက်ရှိအခြေအနေ၌ ကမ္ဘာ့ စီးပွားရေး အခြေအနေအရ ဒေါ်လာဈေးများ တက်ပြီး စက်သုံးဆီဈေး တက်နေခြင်း၊ လုပ်အားခတွေ တိုးမြှင့်ပေးသော်လည်း ကုန်ဈေးနှုန်းတွေက ကြီးမြင့်နေသည့်အတွက် လုပ်သားဈေးကွက်အတွင်းမှာ ပိုမို ကောင်းမွန်သော အခြေအနေများ ဖြစ်လာအောင် ဆောင်ရွက် ပေးဖို့လိုအပ်ခြင်း၊ လုပ်ငန်းခွင်မှာ ဆက်ဆံရေးများ ကောင်းမွန်ဖို့၊ လုပ်သား အရည်အချင်းကို မြှင့်တင်ပေးနိုင် ဖို့နှင့့်မြန်မာနိုင်ငံက တန်ဖိုးမြင့် ပို့ကုန်များ တိုးမြှင့်ပေးနိုင်ရေးတို့အတွက် စိန်ခေါ်မှု များ ရှိနေကြောင်း ၎င်းက ရှင်းပြခဲ့သည်။

မြန်မာ့ လူမှု စီးပွား ဖွံ့ဖြိုးမှု အဖွဲ့အစည်း (CESD) နှင့် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနတို့ ပူးပေါင်း ပြုလုပ်သည်း အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် CESD က သုတေ သန ပြုထားသော မြန်မာနိုင်ငံမှာ ဖွံ့ဖြိုး တိုးတက်လျက်ရှိသည့် အထည်ချုပ်လုပ်ငန်း ၏ လိုအပ်ချက် များ၊ အခက်အခဲများ၊ အားသာချက်များ၊ အလုပ်ရှင်၊ အလုပ်သမား များ၏ ခံစားချက်များ၊ ဥပဒေ ဆိုင်ရာ လိုအပ်ချက်များ စသည့် လေ့လာထားမှုများနှင့် ဝန်ကြီးဌာနက ILO နှင့် ပူးပေါင်းပြီး လုပ်သားဈေးကွက် နှစ်စဉ် လေ့လာထားမှု ရလဒ်များကို ပေါင်းစပ်ကာ နိုင်ငံတကာမှ ပညာရှင်များ၏ သုံးသပ်ချက်များဖြင့် ပေါင်းစပ်ကာ လက်ရှိ အခြေအနေကို မည်သို့ပြုပြင် ပြောင်းလဲကြမည်၊ မည်သို့ ကောင်းအောင် ဆောင်ရွက်ကြမည်ဟူ၍ ဆွေးနွေးကြမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက မီဒီယာသို့ရှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.