Connect with us

Politics, Law & Military

စိုက်ပျိုးထားသော ကျွန်းပင်များအား ပိုင်ဆိုင်ခွင့်ပြုပြီဖြစ်ကြောင်းဆို

သစ်တောစိုက်ခင်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--သစ်တောဦးစီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

ပုဂ္ဂလိကစိုက်ခင်းများ အပါအဝင် စိုက်ပျိုးထားသည့် ကျွန်းပင်များကို မှတ်ပုံတင်၍ ပိုင် ဆိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဖေချစ်က ဆင်ဟွာသို့ အောက်တိုဘာ ၂၃ရက်တွင်ပြောသည်။

“ပိုင်ဆိုင်ခွင့်ပြုတဲ့အတွက်ထုတ်ယူခွင့်ပြုလို့ရတာပေါ့။ သစ်တောဥပဒေပုဒ်မ ပုဒ်မ၁၈ ပုဒ်မခွဲ(ဂ)မှာဆိုရင် ပုဂ္ဂလိကသစ်တောစိုက်ခင်းတွေရယ် ဒေသခံပြည်သူ အစုကိုယ်ပိုင်သစ်တောလုပ်ငန်းများ မှထွက်တဲ့သစ်တောထွက်ပစ္စည်းတွေကို ထုတ်ယူမယ်ဆိုရင် ဈေးပြိုင်စနစ်ကို မကျင့်သုံးဘဲ သူတို့ထုတ်ယူနိုင်တယ်။’’ ဟု၎င်းကရှင်းပြသည်။

စိုက်ပျိုးထားသော ကျွန်းပင်များအား ပိုင်ဆိုင်ခွင့်ပြုသည့်အခါ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၂၉) သစ်တော ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)အရ စိုက်ပျိုးထားသော ကျွန်းပင် များကို စိုက်ပျိုးလုပ်ကိုင်သည့် သက်ဆိုင်ရာ ကုမ္ပဏီ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသို့ ပိုင်ဆိုင်ခွင့်ပြုကြောင်း၊ ၎င်းတို့မှာ သစ်တောနယ်မြေအတွင်း ခွင့်ပြုချက်ရယူပြီး တည်ထောင်ထားသော ပုဂ္ဂလိက ကျွန်းစိုက်ခင်းရှိ ကျွန်းပင်များ၊သစ်တောနယ်မြေပြင်ပတွင်တည်ထောင်ပြီး သစ်တောဦးစီးဌာနတွင် မှတ်ပုံတင် ထားသော ပုဂ္ဂလိကကျွန်းစိုက်ခင်းရှိ ကျွန်းပင်များ၊ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအဖြစ် တည်ထောင်ထားသည့် နယ်မြေရှိ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကျွန်းပင်များ၊နေအိမ်ခြံဝန်းများအတွင်းစိုက်ပျိုးပြီး သက်ဆိုင်ရာနယ်မြေရှိ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကျွန်းပင်များ၊ပုဂ္ဂလိကပိုင်ဆိုင်သည့်မြေ၊ အများပိုင်မြေ၊ သာသနာ့မြေ၊ ဌာနဆိုင်ရာပိုင်မြေနှင့် တပ်ရင်းတပ်ဖွဲ့ပိုင်မြေများတွင်စိုက်ပျိုးပြီး သက်ဆိုင်ရာနယ်မြေရှိ သစ်တောဦးစီး ဌာနတွင် မှတ်ပုံတင်ထားသော ကျွန်းပင်များကိုဆိုလိုခြင်းဖြစ်ကြောင်း သိရသည်။

ဥပဒေအရတည်ထောင်ခွင့်ပြုထားသော ပုဂ္ဂလိကကျွန်းစိုက်ခင်းများအား ပိုင်ဆိုင်ခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ ထိုသို့ပိုင်ဆိုင်ခွင့်ပြုရန် သစ်တောဥပဒေပုဒ်မ၈၊ ပုဒ်မခွဲ(က) နဲ့ (ခ) မှာပြဌာန်းထားကြောင်း ၎င်းကဆိုသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.