Politics, Law & Military
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းအား ပြည်ထောင်စုလွှတ်တော်၌ အတည်ပြု

နေပြည်တော်၊ မေ ၃၁ ရက် (ဆင်ဟွာ)
ယနေ့ကျင်းပသော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဠမပုံမှန်အစည်းအဝေး၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းအား အတည်ပြုခန့်အပ် လိုက်ကြောင်း သိရသည်။
နိုင်ငံတော် သမ္မတထံမှ ပေးပို့သော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် တင်ပြထားသည့် ဦးစိုးဝင်းအား ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြောင်း သိရသည်။
ဦးစိုးဝင်းသည် ၁၉၃၈ ခုနှစ်တွင် မွေးဖွားခဲ့သူ ဖြစ်ပြီး အသက်အားဖြင့် ၈၀ နှစ် ရှိကာ ပညာ အရည်အချင်းတွင် ဝိဇ္ဇာ ၊ ဥပဒေ ဝိဇ္ဇာ ၊ စီမံခန့်ခွဲရေး ဒီပလိုမာ(BA,BL,DMA) ရရှိထားသူ ဖြစ်ကြောင်း ၊ လက်ရှိ အလုပ်အကိုင် အနေဖြင့် Deloitte Touche Myanmar Vigour Advisory Limited တွင် Country Managing Partner အဖြစ် လုပ်ကိုင်နေသူ တစ်ဦး ဖြစ်ကြောင်း သိရသည်။(Xinhua)