Connect with us

Politics, Law & Military

စီးပွားကူးသန်းမှ ရက်၁၀၀ အတွင်း ဒါတွေဆောင်ရွက်မည်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးဒေါက်တာသန်းမြင့်အားတွေ့ရစဉ် (ဓာတ်ပုံ-- စီးပွားကူးသန်း)

ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)

နယ်စပ်စခန်းများတွင်သွင်းကုန်လိုင်စင်ရရှိပြီးတင်သွင်းရန်ကျန်နေသည့် ယာဉ်ယန္တရားများကို သွင်းကုန်လိုင်စင် တိုးမြှင့်ပေးပြီးတင်သွင်းခွင့်ပြုမည်ဖြစ်ပြီး၊ နယ်စပ်ဒေသမှ လုပ်ငန်းသုံးယာဉ်ယန္တရားများကို ပြန်လည်တင်သွင်းခွင့်ပြုကာပြည်ပမှတင်သွင်းခွင့်ပြုထားသည့်လုပ်ငန်းသုံးယာဉ်ယန္တရားများနှင့်ပတ်သက်ပြီးယခင်ကကုမ္ပဏီတစ်ခုကို ၁ နှစ်အတွင်း ၁၀ စီးတင်သွင်း ခွင့်ပြုရာမှလိုင်စင်တစ်စောင်ကိုလုပ်ငန်းသုံးယာဉ်ယန္တရား ၁၀ စီးနှုန်းဖြင့်လုပ်ငန်းလိုအပ်ချက်အပေါ်မှုတည်ပြီး ပြင်ဆင်ဖြေလျော့ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ ပြည်သူ့အတွက် ပထမ ရက် ၁၀၀ တွင်
နယ်စပ်ဒေသမှ ဒေသခံကုန်သည်ငယ်များအတွက်တစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင်ကတ် (Individual Trading Card-ITC)နှင့် တစ်ရက်ကိုကျပ်သိန်း ၂၀ နှုန်းဖြင့် ၅ ရက်စာတစ်ကြိမ် ကျပ်သိန်း ၁၀၀ ခွင့်ပြုပေးရာမှတစ်ရက်ကျပ်သိန်း ၃၀ နှုန်းဖြင့် ၅ ရက် စာကျပ်သိန်း ၁၅၀ အထိတိုးမြှင့်ဆောင်ရွက်ခွင့် ပြုသွားမည်ဖြစ်သည်။

ထို့အပြင် ရန်ကုန် ပို့ကုန်သွင်းကုန်ရုံးတွင်ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားသည့် အခါတွင်လည်းနေပြည်တော် နည်းတူ ပြင်ဆင်ဖြေလျှော့ပေးသွားမည်ဖြစ်ပြီး ပြည်ပကိုတင်ပို့ရန် ကန့်သတ်ထားသည့် ပို့ကုန် ၁၂ မျိုးအနက်မှ အချို့ကိုဖြေလျှော့ တင်ပို့ ခွင့်ပြုနိုင်ရေးဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

လိုင်စင်သက်တမ်းတိုးပြီးတင်သွင်းမည့် ယာဉ်ယန္တရားများကို မြဝတီကုန်သွယ် ရေးဇုန်၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်နှင့်တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ တင်သွင်းခွင့်ပြုမည်ဖြစ်ပြီးလိုင်စင်ပါ အချက်များနှင့် ကွဲလွဲမှု မရှိစေရန် စနစ်တကျတင်သွင်းနိုင်ရေးကိုလိုင်စင်ထုတ်ပေးသည့်ကုန်သွယ်ရေးဦးစီးဌာန၊ တင်သွင်းခွင့်ပြုပေးမည့် အကောက်ခွန် ဦးစီးဌာနနှင့်ယာဉ်မှတ်ပုံတင်ပေးမည့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့မှ ပူးပေါင်းပြီးစစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကာလုပ်ငန်းလိုအပ်ချက်ရှိလာလျှင် ဌာနများပူးပေါင်းပြီးစီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပကိုတင်သွင်းခွင့်မပြုသည့်ကုန်ပစ္စည်း ၁၂ မျိုး မှ ပြောင်းလဲလာသည့် ခေတ် ကာလအခြေအနေအရပန်းနှင်းဆီ (မုန်ညင်း၊ မုန်ညင်းဆီ) ၊ နေကြာ၊ နေကြာဆီ ၊သုံးမျိုးကို ပြည်ပတင်ပို့ရန် ဦးစွာဖြေလျှော့ပေးသွားမည့်အပြင် ကျန်ကုန်ပစ္စည်းများ ထဲမှအချို့ကိုလည်းသက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနဆိုင်ရာများနှင့် ထပ်မံဖြေလျှော့နိုင်ရန် ဆက်လက်ညှိနှိုင်းမှုများပြုလုပ် သွားမည်ဖြစ်သည်။ ပြည်ပကတင်သွင်းသည့်ကုန်ပစ္စည်း H.S code Line ၁၀၀၀ ကျော်ထဲမှ ၄၄၀၀ ခန့်ကိုသာသွင်းကုန် လိုင်စင်လျှောက်ထားရန် သတ်မှတ်ထားပြီးသက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆွေးနွေးကာကျနှ်ရှိနေသည့် H.S code Line ၄၄၀၀ ထဲမှ ထောက်ခံချက်ရယူရန် မလိုအပ်သည့် အချို့လိုင်းများကို ထပ်မံဖြေလျှော့ ပေးသွားမည် ဖြစ်သည်။
ရက် ၁၀၀ အတွင်းအွန်လိုင်းစနစ် အပြည့်အဝသုံးစွဲနိုင်ရေးစနစ်ကိုထောက်ခံချက်ရယူရန်မလိုသည့် ကုန်ပစ္စည်းများနှင့် CMP အထည်ချုပ်လုပ်ငန်းများအတွက် လျှောက်ထားမှုများကိုဦးစွာဆောင်ရွက်သွားမည်ဖြစ်သည်။လိုင်စင်လျှောက်ထားရာတွင် အင်တာနက်ရရှိသည့် မည်သည့်နေရာမှမဆို ရုံးကိုလာရောက်ရန်မလိုဘဲရယူနိုင်စေပြီးငွေပေးချေခြင်း၊ ထောက်ခံချက် စစ်ဆေးခြင်း၊ အချက်အလက်လုံခြုံမှု စသည့်စနစ်များကိုထည့်သွင်းဆောင်ရွက်သွားမည်။
အာဆီယံနိုင်ငံများနှင့် စုစည်းချိတ်ဆက်ထားသည့်ATR(ASEAN Trade Repository)ကိုလည်းတစ်ပြိုင်တည်းချိတ်ဆက်နိုင်ရန် စီစဉ်ဆောင်ရွက်ပြီးဖြစ်ကာ မြန်မာနိုင်ငံ၏ Myanmar National Trade Repository ကိုယခုလအကုန်တွင်တရားဝင် လွှင့်တင်ပေးနိုင်ရန် စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း M.O.I တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.