Connect with us

Politics, Law & Military

တာဝန်သိသိ သစ္စာရှိရှိဖြင့် ကောင်းမွန်သော သမိုင်း မှတ်တိုင်သစ် ရေးထိုးရန် လွှတ်တော် နာယက တိုက်တွန်း

ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းနှင့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် တို့ အခမ်းအနားသို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ပြည်သူလူထုက ယုံကြည်စွာ အပ်နှင်းသည့် တာဝန်များကို ဂုဏ်ယူစွာ လက်ခံပြီး တာဝန်သိသိ သစ္စာရှိရှိဖြင့် သမိုင်း မှတ်တိုင်သစ် ရေးထိုးသွားကြရန် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယနေ့နေ့လယ်တွင် တိုက်တွန်းပြောကြားခဲ့သည်။

“ပြည်သူလူထုက ယုံကြည်မျှော်လင့်ခြင်းများစွာဖြင့် ကျွန်တော်တို့တွေကို ရွေးချယ်ကာ တာဝန်များ အပ်နှင်းခဲ့ပါပြီ။ ကျွန်တော်တို့ ကိုယ်စားလှယ်တော်ကြီးများကလည်း ပြည်သူလူထု အပ်နှင်းတဲ့ တာဝန်ကို ကျေနပ် ဂုဏ်ယူစွာ လက်ခံပြီး တာဝန်သိသိ သစ္စာရှိရှိဖြင့် သမိုင်း မှတ်တိုင်သစ် ရေးထိုးသွားကြရမှာပဲ ဖြစ်ပါတယ်” ဟု နေပြည်တော် လွှတ်တော်ဝင်း သဘင်ဆောင်၌ ယနေ့ နေ့လယ် ၁ း ၀၀ နာရီတွင် ပြုလုပ်သည့် ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အဖွင့် မိန့်ခွန်းတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

အခမ်းအနားသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဆင်ဟွာ)

အခမ်းအနားသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဆင်ဟွာ)

အခမ်းအနားတွင် ဖျော်ဖြေရေးအစီအစဉ်များ ဖြင့်ဧည့်ခံစဉ် (ဆင်ဟွာ)

ဒီမိုကရေစီသည် ပြည်သူက အုပ်ချုပ်ခြင်း ဖြစ်ပြီး နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် ပြည်သူ့ လက်တွင်းမှာသာ ရှိနေကြောင်း၊ ပြည်သူကို ဗဟိုပြုကာ မိမိတို့နိုင်ငံနှင့် အံဝင်ခွင်ကျသည့် ဒီမိုကရေစီ စနစ်မျိုးကို ကျင့်သုံးရမှာ ဖြစ်ကြောင်း၊ အထူးသဖြင့် မတူ ကွဲပြားမှုများကို တွန်းအားအဖြစ် အသွင် ပြောင်းကာ စည်းလုံး ညီညွတ်မှုများဖြင့် မယုံကြည်မှုများ၊ သံသယများ စိတ်ဝမ်းကွဲပြားမှုများကို ကျော်လွှား ကြရမည်ဖြစ်ကြောင်းနှင့် ပြည်သူများ၏ ဆန္ဒနှင့် ဘဝ ထပ်တူကြစေဖို့ လွှတ်တော်များ အားလုံးက ကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်းလည်း ပြည်ထောင်စု လွှတ်တော် နာယကက ပြောခဲ့သည်။

ထို့အပြင် ၎င်းက “ဒီနေ့ဟာ ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေညီလာခံက အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီ နေ့ကို စတင်သတ်မှတ်သည်မှ ၁၀ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်၊ IPU အဖွဲ့ဝင်များက ဒီမိုကရေစီဆိုင်ရာ ကမ္ဘာ့ ကြေညာစာတမ်း အတည်ပြုခဲ့သည့် နှစ် ၂၀ ပြည့်တဲ့နေ့ လည်း ဖြစ်ပါတယ်၊ ထူးခြား တိုက်ဆိုင်တဲ့ ဒီနေ့မှာ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးက ဒီမိုကရေစီပန်းတိုင်သို့အရောက် လှမ်းကြရာမှာ အမျိုးသား ရင်ကြားစေ့ရေး ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးကို အစဉ် ဦးထိပ်ထား ဆောင်ရွက်ကြဖို့ အလေးအနက် တိုက်တွန်းအပ်ပါတယ်” ဟုလည်း ပြောခဲ့သည်။

“ဒီမိုကရေစီ ရှင်သန်ဖို့ ပူးပေါင်းကာကွယ်စို့” ဆောင်ပုဒ်ဖြင့် ကျင်းပသော ၂၀၁၇ ခုနှစ် အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့တွင် နိုင်ငံတော် သမ္မတထံမှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားခြင်း၊ ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားခြင်းများ ဆောင်ရွက် အပြီးတွင် နိုင်ငံရေးပါတီ ၁၁ ခုနှင့် အရပ်ဘက် နယ်ဘက် အဖွဲ့အစည်းများ၏ စာတမ်းများ ဖတ်ကြားခြင်း နှင့် ဖျော်ဖြေရေး အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ယခင် သီတင်းပတ်၌ ကြိုတင် ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော်ရေးရာ ဉာဏ်စမ်း ပဟေဠိ ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား ဆုချီးမြှင့်ခဲ့ကြ ကာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.