Connect with us

Politics, Law & Military

ဒုတိယ အကြိမ် ကျင်းပမည့် လွှတ်တော်အသီးသီးအတွက် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၃၈၆ ဦး၏ အမည်စာရင်းများ ထုတ်ပြန်ကြေညာ

ပြည်ထောင်စုလွှတ်တော်အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

ဒုတိယ အကြိမ်ကျင်းပမည့် လွှတ်တော်များအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ တင်သွင်းပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ စိစစ်ပြီးသော လွှတ်တော်အသီးသီးအတွက် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၃၈၆ ဦး၏ အမည်စာရင်းအား ထုတ်ပြန်ကြေညာခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ တင်သွင်းပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ စိစစ်၍ ထုတ်ပြန်ကြေညာခဲ့သည့် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များတွင် ဗိုလ်ချုပ်အဆင့် ၂ ဦး ၊ ဗိုလ်မှုးချုပ် ၆ ဦး ၊ ဗိုလ်မှုးကြီး ၇ ဦး ၊ ဒုတိယ ဗိုလ်မှုးကြီး ၃၉ ဦး ၊ ဗိုလ်မှုး ၅၆ ဦး စုစုပေါင်း ၁၁၀ ဦး ပါဝင်ကြောင်း သိရသည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖြစ် တင်သွင်းပြီး စိစစ် ထုတ်ပြန်ခဲ့သည့် တပ်မတော်သား အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များတွင် ဗိုလ်ချုပ်အဆင့် ၁ ဦး ၊ ဗိုလ်မှုးချုပ်အဆင့် ၅ ဦး ၊ ဗိုလ်မှုးကြီးအဆင့် ၄ ဦး ၊ ဒုတိယ ဗိုလ်မှုးကြီးအဆင့် ၁၀ ဦး နှင့် ဗိုလ်မှုး ၃၆ ဦး စုစုပေါင်း ၅၆ ဦး ပါဝင်ကြောင်း သိရသည်။

တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များအဖြစ် စိစစ် ထုတ်ပြန်ခဲ့သည့် တပ်မတော်သား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ကချင်ပြည်နယ် လွှတ်တော်အတွက် ၁၃ ဦး ၊ ကယား ပြည်နယ် လွှတ်တော်အတွက် ၅ ဦး ၊ ကရင်ပြည်နယ် လွှတ်တော် အတွက် ၆ ဦး ၊ ချင်းပြည်နယ် လွှတ်တော်အတွက် ၆ ဦး ၊ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်အတွက် ၂၅ ဦး ၊ တနသာၤရီ တိုင်းဒေသကြီး လွှတ်တော်အတွက် ၇ ဦး ၊ ပဲခူးတိုင်း ဒေသကြီး လွှတ်တော်အတွက် ၁၉ ဦး ၊ မကွေးတိုင်း ဒေသကြီး လွှတ်တော်အတွက် ၁၇ ဦး ၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော် အတွက် ၁၉ ဦး ၊ မွန်ပြည်နယ် လွှတ်တော်အတွက် ၈ ဦး ၊ ရခိုင်ပြည်နယ် လွှတ်တော်အတွက် ၁၂ ဦး ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွက် ၃၁ ဦး ၊ ရှမ်းပြည်နယ် လွှတ်တော် အတွက် ၃၄ ဦး ၊ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်အတွက် ၁၈ ဦးတို့ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.